Friday, April 15, 2022

တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အကျနေ့ကို ပျော်ရွှင်စွာဆက်လက်ဆင်နွှဲ

 

နေပြည်တော် ဧပြီ ၁၄

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲ ဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။

ကြည့်ရှုအားပေး

မဟာသင်္ကြန် အကျနေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ မလိခမဏ္ဍပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်နယ်အသီးသီး ရှိရေကစားမဏ္ဍပ်များ၊ရှမ်း ပြည်နယ် (အရှေ့ပိုင်း)၊မြို့နယ် အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များ နှင့်ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်များ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်မြေခံတပ် နယ်အသီးသီးရှိ ရေကစားမဏ္ဍပ် များနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဗဟိုမဏ္ဍပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရေကစား မဏ္ဍပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ ဗဟိုမဏ္ဍပ်၊ မန္တလေးမြို့ ရှိ ရေကစားမဏ္ဍပ်နှင့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်ရှိရေကစား မဏ္ဍပ်တို့၌ အတာရေသဘင်ပွဲ ဆင်နွှဲကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များကသွားရောက်၍ အတာသင်္ကြန်ယိမ်းအကအဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ကြသည်။

စည်ကားသိုက်မြိုက်

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေနှင့် ရခိုင်ပြည် နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတို့၌လည်း လာရောက်အပန်းဖြေ အနားယူနေသော ပြည်သူများဖြင့် စည်ကားလျက် ရှိပြီးစားသောက်ဆိုင်များ၊ ဒေသထွက်ကုန်ရောင်းချနေသော ဈေးဆိုင်များ ဖွင့်လှစ်ထားရှိကာ စည်ကားသိုက်မြိုက်လျက်ရှိသည်။

ထို့ပြင် ရေသဘင်ဆင်နွှဲကြသူ များကိုစတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးပြီး ရေသဘင် ဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment