Friday, April 15, 2022

ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် နေရာအနှံ့အပြား၌ ရေလောင်းရေပက်ခံသူများဖြင့် စည်ကားလျက်ရှိ

ရန်ကုန် ဧပြီ ၁၄

ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် ရန်ကုန်မြို့နေရာအနှံ့အပြား၌ ယနေ့ မဟာသင်္ကြန် (အကျနေ့) နံနက်ပိုင်းမှစတင်ကာ ရေလောင်းရေပက်ခံသူများဖြင့် စည်ကားလျက် ရှိသည်။

 

 

ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင်လည်း နံနက်ပိုင်း၊ ညနေပိုင်းနှင့် ညပိုင်းတို့တွင် ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များနှင့် ယိမ်းအဖွဲ့များကလည်း လာရောက်သီဆို ကပြဖျော်ဖြေ တင်ဆက်ကြသည်။

ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်အနီးရှိ မဟာဗန္ဓုလပန်းခြံဘေး လမ်းလျှောက်သင်္ကြန်တွင် လည်း ဖျော်ဖြေရေးမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်၊ ရေလောင်းရေပက်ရန် လောင်းလှေများစီစဉ် ထားပြီး ရေလောင်းရေပက်သူများ၊ ရေပက်ခံလာသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် ခရိုင်၊ မြို့နယ်တို့ရှိ ရေကစားမဏ္ဍပ်များတွင်လည်း မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆင်နွှဲကြကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် တန်ခိုးကြီး ဘုရားများတွင်လည်း ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိပြီး အလှူရှင်များကလည်း သီးစုံ သက်သတ်လွတ်ဒံပေါက်၊ ရွှေရင်အေးနှင့် သောက်ရေသန့်ဘူးတို့ကို အာဟာရဒါန ပေးအပ် လှူဒါန်းကြသည်။

ကိုသိုက်

No comments:

Post a Comment