မိုင်းဖြတ် ဧပြီ ၇
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အခြေခံပညာထက်တန်းကျောင်း(မိုင်းဖြတ်)၌ ကျောင်းဆောင်များကို ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇော်ဝင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် အထက(မိုင်းဖြတ်)ရှိ ကျောင်းဆောင်များ ဆောက်လုပ်ထားရှိသည့် အခြေအနေများနှင့် အလျား(၁၂၀)၊ အနံ (၃၀) ပေ(RCC) ၂ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုခဲ့သည်။
ထို့နောက် ကျောင်းအကျိုးတော်ဆောင် ဦးထွန်းရွှေက ကျောင်းဆောင်များ ဆောက်လုပ်ထားရှိသည့်အခြေအနေများနှင့် သက်တမ်းအရ နှစ်ရှည်အန္တရာယ်ဆောင်များ၏ အခြေအနေများကို ရှင်းလင်းပြသခဲ့ရာ ဒုတိယဝန်ကြီးက ပြုပြင်ရန်လိုအပ်ချက်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုပြင်ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အထက (မိုင်းဖြတ်) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုနေကြသည့် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
No comments:
Post a Comment