ဗဟန်း ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အခြေခံသင်တန်းအမှတ်စဉ် (၃/၂၀၂၂) နှင့် လက်တွေ့အသုံးချကျွမ်းကျင်သင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်း ဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများဖြစ်ကြသော လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ စည်ပင် သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ e-Government ကော်မတီဝင်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း e-Government စနစ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ ပြည်သူ လူထုနှင့် အစိုးရအကြားတိကျမြန်ဆန်ပြီး Government to Citizen Relationship စနစ် တစ်ခု ထွန်းကားလာမှာပဲဖြစ်ပါကြောင်း၊ နည်းပညာနှင့် ခေတ်မီနိုင်ငံတော်တည်ဆောက်ရာမှာ ခေတ်မီ စက်ကိရိယာများ နည်းပညာများ လိုအပ်ရုံဖြည့်ဆည်း ထားရုံသာမက ထိန်းချုပ်ကွပ်ကဲ မောင်းနှင် နိုင်မည့် ဒီဂျစ်တယ်အသိပညာဖွံ့ဖြိုးတဲ့ လူ့စွမ်းအား အရင်းအမြစ်သည်လည်း အဓိကလိုအပ်ပါ ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး e- Government ကော်မတီများအနေနှင့် အစိုးရဌာနဆိုင်ရာများ အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်စေရေးအတွက် ဝန်ထမ်းများ၏ နည်းပညာဆိုင်ရာ အရည် အသွေး စဉ်ဆက်မပြတ် တိုးတက်ရေးကို အဓိကထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ e-Government Training Centerအနေနဲ့ လက်ရှိမှာ အခြေခံသင်တန်း အပတ်စဉ် (၃) ခုနှင့် အဆင့်မြင့် သင်တန်းအမှတ်စဉ် (၂) ခုအောင်မြင်စွာမွေးထုတ်နိုင်ခဲ့ပြီး သင်တန်းသားစုစုပေါင်း (၁၆၀) ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ သင်တန်းများကို သင်ကြား သည့်နေရာမှာ ရန်ကုန်တက္ကသိုလ်၊ ကွန်ပျူတာဌာနမှ ပါမောက္ခများ ဦးဆောင်သော ကွန်ပျူတာ ကျွမ်းကျင် နည်းပြ ဆရာ/မများအပြင် ပြင်ပလုပ်ငန်းခွင်များမှ ကျွမ်းကျင်ပညာရှင်ဆရာများကိုပါ ဖိတ်ကြားပြီး သင်တန်းသားများ ကျွမ်းကျင်စွာ ပြန်လည်လက်တွေ့ အသုံးချနိုင်စေရေး အဓိကထား သင်ကြားပေးလျက်ရှိပါကြောင်း၊ ရုံးတွင်းကွန်ပျူတာ ကွန်ရက်တည်ဆောက် အသုံးပြုပြီး ရုံးလုပ်ငန်းများထိရောက် မြန်ဆန်စေရန် ဆောင်ရွက်ခြင်း၊ နည်းပညာဆိုင်ရာ လုပ်ငန်းများနှင့် လုပ်ငန်း အပ်နှံရာ/ စာချုပ်ချုပ်ဆိုရာတွင် သတိပြုရန်နှင့် ဆောင်ရန်ရှောင်ရန်များကို သိရှိလာပြီး စွမ်းရည် ထက်မြက်သော နိုင်ငံ့ဝန်ထမ်းသားကောင်းရတနာ သမီးကောင်းရတနာများ ဖြစ်အောင် ကြိုးစား ကြပါလို့ တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်တန်းနည်းပြ ဆရာ/ ဆရာမများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းတွင် ဆုရရှိသူများအား ဆုများ ချီးမြှင့်ခြင်း၊ သင်တန်းသူ၊ သင်တန်းသားများကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်
No comments:
Post a Comment