Tuesday, April 19, 2022

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးပညာရေး ဒီဂရီကောလိပ် သင်တန်းသို့တက်ရောက်ကြမည့် သင်တန်းသားများအား တွေ့ဆုံ








ထားဝယ်   ဧပြီ  ၁၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ (B.Ed)(၅)နှစ်သင် တန်းအမှတ်စဉ်(၉) နှင့်ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ပညာရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တို့၏ (ပထမနှစ်-ဝိဇ္ဇာ/သိပ္ပံ)သင်တန်းသို့ တက်ရောက် ကြမည့် သင်တန်းသားများအား တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

တွေ့ဆုံပွဲတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးမှအတည်ပြု ရွေးချယ်ထားသည့်ဖွံ့ဖြိုး ရေးတက္ကသိုလ်နှင့်ဒီဂရီကောလိပ်သင်တန်းဝင်ခွင့်ရမောင်/မယ်တို့အနေဖြင့်  မကြာမီ တက္ကသိုလ်နှင်ဒီဂရီကောလိပ်များ သို့သွားရောက်ကြရမည်ဖြစ်သည့်အတွက် သွားရောက် စဉ်လမ်းခရီး၌ကြီးကြပ်သူဆရာ/မများ၊ တာဝန်ရှိသူများ၏ မှာကြားချက်များကိုလိုက်နာပြီး ကျန်းမာ ရေး ဝန်ကြီးဌာနကချမှတ်ထားသောကိုဗစ်-၁၉ စည်ကမ်းချက်များကို တိကျစွာ လိုက်နာရန်မှာကြား လိုကြောင်း၊ သင်တန်းသား/သူများအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပိုမိုခိုင်မြဲ တည်တံ့အောင် တည်ဆောက်ရေးနှင့်ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာစေရေးတို့ကို မောင်/မယ်တို့ အားလုံးသည် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကျင့်သုံးသွားကြရန် အလေးအနက်ထားမှာ ကြားလိုကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသော စကားအတိုင်းလူငယ်လူရွယ်များ ဖြစ် သော မောင်မယ်တို့သည် နောင်တစ်ချိန်တွင် မိမိဒေသ၊ မိမိနိုင်ငံ၏ကြီးလေးသောတာဝန်များကို ပုခုံးပြောင်းလွှဲယူမည့်သူများဖြစ်သည့်အတွက် နိုင်ငံတာဝန်များကို ထမ်းဆောင်နိုင်သော သား ကောင်းသမီးမွန်များ ဖြစ်လာအောင်ကဏ္ဍ အားလုံးတွင် ထူးချွန်ထက်မြက်အောင် စဉ်ဆက်မပြတ် ကြိုးစား ကြစေလိုကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် သင်တန်းကျောင်းမှသင်ကြားပေးမည့် အသိပညာ ဗဟုသုတများ၊ အသိအမြင်များ၊ အတွေ့အကြုံများကို မိမိဘဝ၊ မိမိတာဝန်ထမ်းဆောင် မည့် ဒေသ၊ မိမိနိုင်ငံ၊ မိမိအမျိုးဘာသာ၊ သာသနာများအတွက် ကောင်းရာကောင်းကျိုး တိုးတက်ရာ တိုးတက်ကြောင်းများကို တတ်နိုင်သမျှ ဆောင်ရွက်နိုင်ရေးအတွက် အလေးအနက်ထားသင်ယူ ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ကျေးဇူးသစ္စာကို ထာဝစဉ် စောင့်သိရိုသေပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ထွန်းကားပြန့်ပွားရေးအတွက် အစဉ် တစ်စိုက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့သောငွေကျပ်(၆)သိန်းl ခရီးစရိတ်(၁၀)သိန်းကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက ပေးအပ်ရာ သင်တန်းသား/သူများကိုယ်စား ဒေါ်မြမဥ္ဇူ ကျော်က လက်ခံရယူခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments:

Post a Comment