Tuesday, April 19, 2022

ကယားပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

  


လွိုင်ကော်   ဧပြီ   ၁၉

ကယားပြည်နယ် အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများ တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် နာရီအချိန်က  လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ဒေသန္တရစီမံကိန်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အတည်ပြုပြီးဖြစ်၍ ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့၌  ကယားပြည်နယ် ဒေသန္တရစီမံကိန်းဉပဒေကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ပြည်နယ်၏ လူမှုစီးပွားရေး နယ်ပယ်အသီးသီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရည်ဖွံ့ဖြိုး တိုးတက်မှု ရရှိစေရန်ရည်ရွယ်ပြီး နိုင်ငံတော်ကချမှတ်ထားသော စီးပွားရေးမူဝါဒများ ရှေ့လုပ်ငန်းစဉ် ရပ်၊ ဦးတည်ချက် ရပ်နှင့်အညီ ရေးဆွဲဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ပြည်သူများအတွက် လက်ငင်းအကျိုးရှိစေသည့် စီမံကိန်းလုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာငွေများ လေလွှင့်ဆုံးရှုံးမှုမရှိရန်နှင့် ပေးချေရမည့် တန်ဖိုးနှင့်ညီမျှသည့် ရလဒ်ကောင်းများ ရရှိရန်လိုကြောင်း၊ ပြည်နယ်အတွက် အဓိကကျသော လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ စက်မှုကဏ္ဍအတွက် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး၊ လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်းမွန်စေရေး၊ ငွေကြေးဝန်ဆောင်မှုအမျိုးအစားအသစ်များ ဖြစ်ထွန်းလာရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကိုပါ ထည့်သွင်းစဉ်းစား၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကယားပြည်နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏  ဒေသန္တရစီမံကိန်းများ ရေးဆွဲထားမှုများကို ပြည်နယ် စီမံကိန်းဦးစီးမှူး ဦးမောင်မောင်လွင် က ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏  ဒေသန္တရစီမံကိန်းများဖြစ်သည့် လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးနှင့် ခရိုင်များအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment