ဆင်ပေါင်ဝဲ ဧပြီ
၈
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်း ကျေးရွာ စိုက်ပျိုးရေရရှိရေးမြစ်ရေတင်စီမံကိန်း ရှင်းလင်းဆောင်တွင် ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က ဌာနဆိုင်ရာများ၊ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ရာ ဆည်မြောင်းနှင့်ရေ အသုံချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဦးမှ စီမံကိန်းဆိုင်ရာ အချက် အလက်များအား စတင်ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ သိရှိလိုသည်များကို မေးမြန်း ခဲ့ပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များနှင့်တွေ့ဆုံ၍"မြန်မာနိုင်ငံဟာ
စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်ခုဖြစ်သလို မကွေး တိုင်းဒေသကြီးဟာလည်း စိုက်ပျိုးရေးကိုအခြေခံတဲ့ ဆီထွက်သီးနှံအများဆုံး စိုက်ပျိုးထုတ် လုပ်ရာ တိုင်းဒေသကြီိးတစ်ခုဖြစ်ပါကြောင်း၊စိုက်ပျိုးရေး
ကဏ္ဍဖွံ့ဖြိုးရေးဟာ နိုင်ငံ၏ ကြောရိုးသဖွယ် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်သည့်အတွက်ညံတောအင်းကျေးရွာမှ
တောင်သူများ စိုက်ပျိုးရာတွင် အဆင်ပြေစေရန် ယခုမြစ်ရေတင်စီမံကိန်းကို ဆောင်ရွက်ပေးခြင်းဖြစ်ပါ
ကြောင်း၊ ရွာသူ၊ ရွာသားများအနေဖြင့် ဆီထွက်သီးနှံတစ်ခုဖြစ်သည့်နေကြာသီးနှံအား သီးညှပ်
အဖြစ်အထူးအလေးထားစိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေ အလုံအလောက်ရရှိတော့ မည်ဖြစ်သည့်အတွက်
တောင်သူများအနေဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီသီးနှံများအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက်
ကြိုးစားဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း"စသည်ဖြင့် ပြောကြား သွားသည်။
ဆက်လက်ပြီး
တက်ရောက်လာသည့်တောင်သူများမှ လိုအပ်သည်များကိုတင်ပြခဲ့ရာ သက်ဆိုင် ရာဌာနဆိုင်ရာများမှ
ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဝန်ကြီးချုပ်မှ နေကြာမျိုးစေ့များအား ဒေသခံတောင်သူများထံ
အခမဲ့ပေးအပ်ခဲ့သည်။
ထို့နောက်
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ရေတင်ဆောင်ရွက်နေမှုအခြေအနေနှင့် နေကြာသီးနှံ စိုက်ပျိုးမည့်နေရာများအား
ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)
No comments:
Post a Comment