နေပြည်တော် ဧပြီ ၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မိသားစု၏ နှစ်စဉ်ကျင်းပမြဲ ဖြစ်သည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က နှစ်သစ်ကူးအခါသမယတွင်ဝန်ကြီးဌာန မိသားစုများအားလုံး အေးချမ်းပျော်ရွှင်ပါစေကြောင်းနှင့် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို ထမ်းရွက်ရာတွင် ကိုယ်စီတာဝန်များကျေပွန်စွာဖြင့် ဆထက်ထမ်းပိုး တိုးတက်ဆောင်ရွက်နိုင်ကာ အောင်မြင်မှုများရရှိပါစေကြောင်း နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ဆက်လက်၍ ဝန်ကြီးရုံးနှင့်
လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနများရှိ
ဝန်ထမ်းများက ယိမ်းအကအဖွဲ့များဖြင့် သင်္ကြန်သီချင်းများ သီဆိုကပြဖျော်ဖြေခဲ့ကြပြီး
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက တက်ရောက်လာသူများအား အတာရေများ
ပက်ဖျန်းပေးကြကာ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး
ဗီနေးကူးမားကို အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံအစိုးရမှ
မြန်မာနိုင်ငံတွင် လူထုအကျိုးပြုစီမံချက်များ ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွက် ဝန်ကြီးဌာနနှင့်
နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်နေမှု၊
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီများ
ဖွဲ့စည်းဆောင်ရွက်နေမှု၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနယ်ပယ်တွင် အိန္ဒိယ နိုင်ငံဘက်က
နည်းပညာမျှဝေပေးနိုင်မှု၊ အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူ အညီ(Phase-2)
ပေးအပ်ရန်အတွက် လက်ရှိညှိနှိုင်းနေသည့် ဖြစ်ပေါ်တိုးတက်မှု၊ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသို့လှူဒါန်းသော
ဆန်နှင့်ဂျုံများ ဆိပ်ကမ်းမှ အမြန်ထုတ်ယူရေးနှင့် ဖြန့်ဝေရန်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
No comments:
Post a Comment