Friday, April 8, 2022

မြန်မာအမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ရန် စီစဉ်ခဲ့သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 နေပြည်တော် ဧပြီ ၇

မြန်မာအမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ် အမျိုးသားနှင့် အဓမ္မလက်ထပ်ရန် စီစဉ်ခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အုတ်ပုံစုရပ်ကွက်နေ မဖြူဖြူလှိုင်(ခ) အသေးမ က ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် နေ မ --- (၂၉)နှစ် နှင့် မ --- (၃၃)နှစ်တို့ကို တရုတ်နိုင်ငံရှိ အထပ်သား စက်ရုံတွင် တစ်နှစ်ခန့် အလုပ်လုပ်ကိုင်ပါက ငွေကျပ်သိန်း ၂၀ ခန့် ရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ် အမျိုးသားနှင့် အဓမ္မလက်ထပ်ရန် စီစဉ်ခဲ့သဖြင့် တိုက်ကြီးမြို့မရဲစခန်း (ပ)၅၉၄ / ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ မဖြူဖြူလှိုင်(ခ) အသေးမ ကို ဧပြီ ၆ ရက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment