Friday, April 8, 2022

ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် မောင်တောမြို့နယ် ထန်းချောင်းတံတားကို ပြန်လည်ပြုပြင်

 


နေပြည်တော် ဧပြီ ၇

ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့ခြင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကြိမ်ချောင်း-တောင်ပြိုသွား ကားလမ်းပေါ်ရှိ ထန်းချောင်းတံတားကို ယနေ့တွင် မောင်တောမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထန်းချောင်းတံတားသည် အလျား ပေ ၅၀၊ အနံ ၁၆ ပေ သံကူကွန်ကရစ်တံတားအမျိုး အစားဖြစ်ပြီး တံတားအား ဧပြီ ၆ ရက် ည ၇ နာရီခန့်တွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ရာ တံတားထိပ်ဝဲဘက်ခြမ်း ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

သတင်းစဉ်

No comments:

Post a Comment