နေပြည်တော် ဧပြီ ၁၅
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်အကြတ်နေ့ဖြစ်သော ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေကစားမဏ္ဍပ်များ၌ သင်္ကြန်ချစ်သူပြည်သူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက မဟာသင်္ကြန် ရေသဘင်ပွဲအား ပျော်ရွှင်စွာပါဝင်ဆင်နွှဲလျက်သည်။
ယနေ့မနက်ပိုင်းတွင်
နေပြည်တော်ဇေယျာသီရိရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစု ရေကစားမဏ္ဍပ်၌
နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊မိသားစု သင်္ကြန်ယိမ်းအကအဖွဲ့ များက
သီဆိုကပြဖျော်ဖြေကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊
ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများနှင့်အတူ
တက်ရောက် ကြည့်ရှုအားပေးပြီး စစ်သည်/မိသားစုများနှင့်အတူ သင်္ကြန်ရေကစားကြသည်။
အလားတူ ညနေပိုင်းတွင်လည်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည်အဖွဲ့ဝင်များနှင့်အတူ
နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန မိသားစုသင်္ကြန်မဏ္ဍပ်များတွင်
နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစု သင်္ကြန်ယိမ်းအကအဖွဲ့များက
တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေနေမှု၊ မိသားစု များပျော်ရွှင်စွာ
ရေသဘင်ပွဲဆင်နွှဲနေမှုများကို သွားရောက်ကြည့်ရှုအားပေးကြပြီး သီဆိုကပြဖျော်ဖြေကြ သည့်
အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုချီမြှင့်ငွေများ
ပေးအပ်ကြသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ
စိန်ပန်းမဏ္ဍပ်၊ မကျည်းရိပ်မဏ္ဍပ်နှင့် နေပြည်တော်မဏ္ဍပ်တို့တွင်လည်း ရေပက်ခံသူများ၊
ရေပက်ကစားသူများဖြင့် အထူးစည်ကားလျက်ရှိပြီး မိသားစုသင်္ကြန်ယိမ်းအက အဖွဲ့များ၊ အနုပညာရှင်များနှင့်
တေးသံရှင်များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေကာ ရေကစားမဏ္ဍပ်များတွင်
စတုဒိသာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment