Tuesday, April 19, 2022

ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချ နိုင်ရေးအတွက် သင်တန်းများဖွင့်လှစ်

 



နေပြည်တော် ဧပြီ ၁၈

နွေရာသီကျောင်းပိတ်ရက် ကာလများတွင် ကျောင်းသား  ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အလုံတပ်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများအတွက်ဖွင့်လှစ်သည့်  နွေရာသီကျောင်းပိတ်ရက်   ကွန်ပျူတာ အခြေခံသင်တန်း၊  အင်္ဂလိပ်စကားပြော အခြေခံသင်တန်းနှင့်ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ရာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊   စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြ  ဆရာ   ဆရာမများနှင့်  သင်တန်းသား ကျောင်းသား ကျောင်းသူများတက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးက  အဖွင့်အမှာစကား ပြောကြားသည်။  ထို့နောက်  တိုင်းမှူး နှင့်အဖွဲ့ဝင်များက  တက်ရောက်လာကြ သူများအား လိုက်လံနှုတ်ဆက်ပြီး  ဆရာ ဆရာမများအတွက် စားသောက်ဖွယ်ရာ များ ပေးအပ်သည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် သင်တန်းများ ဖွင့်လှစ်သင်ကြား နေမှုများကို  လိုက်လံ  ကြည့်ရှုအားပေးသည်။

ဖွင့်လှစ်သင်ကြားပေးသွားမည်

အဆိုပါ သင်တန်းများတွင်  ကွန်ပျူတာ အခြေခံသင်တန်းကို သင်တန်းသား သင်တန်းသူ ၂၀၊ အင်္ဂလိပ် စကားပြော အခြေခံသင်တန်းကို သင်တန်းသား သင်တန်းသူ ၃၀ နှင့် ယဉ်ကျေးလိမ္မာသင်တန်းကို  သင်တန်းသား သင်တန်းသူ ၄၀ တို့ဖြင့် မေ ၂၀ ရက် အထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment