Tuesday, April 19, 2022

ပြင်ဦးလွင်မြို့ သာယာလှပရေးနှင့် ကန်တော်ကြီးအတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက် ထားမှုများ ကြည့်ရှုစစ်ဆေး

 



မန္တလေး ဧပြီ ၁၈

မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ  ပြင်ဦးလွင်မြို့ သာယာလှပရေး ဆောင်ရွက် ထားရှိမှုနှင့် ကန်တော်ကြီးအတွင်း ရေစီးရေလာ  ကောင်းမွန်အောင် ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးရန် ယနေ့ညနေပိုင်းက  ရေသွင်း မြောင်းအမှတ်(၂) နေရာ သို့ ရောက်ရှိသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်တော်ကြီးဥယျာဉ်အတွင်းသို့  ရေစီးရေလာ ကောင်းမွန်ရေးအတွက် ပြုပြင်ဆောင်ရွက် ထားသောရေဝင်မြောင်းများ တစ်လျှောက် ကြည့်ရှု စစ်ဆေးပြီး ရေမြောင်းများ တိမ်ကောမှု မရှိရေး၊ မြေသားနှင့် အမှိုက်များ မရှိရေး၊  မိုးရာသီအတွင်း ရေစီးရေလာ ကောင်းမွန်အောင် အလေးထား ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ဆက်လက်၍ ကန်တော်ကြီး ပတ်လမ်းတစ်လျှောက် လိုက်လံကြည့်ရှု၍ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ရေး၊  မိုးရာသီအတွင်း  ဒေသနှင့်ကိုက်ညီသည့် ရောင်စုံ ပန်းအလှပင်များ၊   အရိပ်ရအပင်များ စိုက်ပျိုးထားရှိရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်  ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 

သတင်းစဉ်

No comments:

Post a Comment