Saturday, April 16, 2022

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ အခမ်းအနား ကျင်းပ

 

နေပြည်တော် ဧပြီ ၁၆

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် အခမ်းအနားကို ယနေ့သင်္ကြန်အတက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၂၇)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒယ်နီရယ်နှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများနှင့် မိသားစုဝင်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြပြီး ဦးစီးဌာနများနှင့် လုပ်ငန်းများကိုယ်စားပြု သင်္ကြန်အလှမယ် ယိမ်းအကအဖွဲ့များမှ ယိမ်းအကများ၊ တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒယ်နီရယ်နှင့် ဇနီးတို့က အကအဖွဲ့များ ကို ဂုဏ်ပြုပန်းခြင်း ချီးမြှင့်ကြပြီး၊ ပြည်ထောင်စုဝန်ကြီးများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက အတာရေများ အပြန်အလှန်ပက်ဖျန်းကြပြီး ဦးစီးဌာနများနှင့်လုပ်ငန်းများ ကိုယ်စားပြုယိမ်းအက အဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)

No comments:

Post a Comment