Sunday, April 17, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် စစ်တွေမြို့ ဗဟိုမဏ္ဍပ်ပိတ်ပွဲ တက်ရောက်


စစ်တွေ ဧပြီ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမပန်းခြံရှေ့ရှိ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်၌ ဌာနဆိုင်ရာ ယိမ်းအဖွဲ့များ၊ စစ်တွေတပ်နယ်မှ ယိမ်းအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေ နေမှုကို ကြည့်ရှုအားပေးပြီး ဗဟိုမဏ္ဍပ်ပိတ်ပွဲသို့ တက်ရောက်သည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့်အဖွဲ့သည် စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှေ့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်သို့ သွားရောက်ပြီး ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့များ၊ စစ်တွေတပ်နယ်မှ ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေနေမှု၊ ရခိုင်အဆိုတော်များ၏ ကပြ ဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးပြီး ဧည့်သည်တော်များ၊ ဌာနဆိုင်ရာများနှင့် ယိမ်းအဖွဲ့များကို အတာရေများဖြင့် ပက်ဖျန်းရေကစားကြပြီး ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့များ၊ ရခိုင်အဆိုတော်များနှင့် တေးသံရှင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်သည်။

ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် အဖွဲ့ဝင်များနှင့်အတူ ဗဟိုမဏ္ဍပ် ပိတ်ပွဲသို့ တက်ရောက်သည်။ ဗဟိုမဏ္ဍပ်ပိတ်ပွဲတွင် ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် ဘုန်းလျှံနှင့် ရခိုင်အဆိုတော် များ၊ ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့များ၊ စစ်တွေတပ်နယ်မှ ယိမ်းအကအဖွဲ့များက သီဆိုကပြကြရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက အဆိုတော် များနှင့် ယိမ်းအကအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး စစ်တွေမြို့ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ကို အောင်မြင်စွာ ပိတ်သိမ်း ခဲ့သည်။

သင်္ကြန်အတက်နေ့တွင် စစ်တွေမြို့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များ၊ စစ်တွေ တပ်နယ် ရေကစားမဏ္ဍပ်နှင့် ရခိုင်ရိုးရာ ရေကစား မဏ္ဍပ်များတွင် ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင်များ၊ ရခိုင်အဆိုတော်များ၊ ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့များနှင့် စစ်တွေတပ်နယ်မှ ယိမ်းအကအဖွဲ့များက လှည့်လည် ကပြသီဆိုဖျော်ဖြေလျက်ရှိရာ ရေကစားသူများ၊ ကားများဖြင့် ရေပက်ခံ ထွက်သူများဖြင့် အထူးစည်ကားလျက် ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment