Monday, April 11, 2022

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြန်မာရိုးရာအတာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

 

မကွေး  ဧပြီ ၁၁

မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားသည်။ 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးစွာ တိုင်းဒေသကြီးအတာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က  အတာသင်္ကြန်ပွဲတော်သည် မိမိတို့ မြန်မာလူမျိုးတို့၏ နှစ်စဉ်ရိုးရာမပျက် ကျင်းပလေ့ရှိသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း၊ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အတာသင်္ကြန်ကာလအတွင်း အများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းစွာ ရေကစားနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်းနှင့် ဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြစေလိုကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအတာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က  မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အတာသင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ပြီးစီးမှု အခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက် မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဆပ်ကော်မတီ အသီးသီးမှ တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မကွေးတိုင်းဒေသကြီး ၂၀၂၂ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲကို မကွေးမြို့ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနမဏ္ဍပ်(၆)ခု စုစုပေါင်းမဏ္ဍပ်(၇)ခုတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ရာ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနအလိုက် ဧည့်ခံဖျော်ဖြေရေး မဏ္ဍပ်များ၌ ယိမ်းအက အလှအဖွဲ့ (၂၂)ဖွဲ့က ယှဉ်ပြိုင်ကပြဖျော်ဖြေမည်ဖြစ်ပြီး၊ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များသို့  လာရောက် ကြည့်ရှုအားပေးသည့် ပရိသတ်များ၊ ရေကစားလာပြည်သူများနှင့် ဖျော်ဖြေရေးယိမ်းအဖွဲ့ မားအား သင်္ကြန်ဖြစ်မြောက်ရေးကော်မတီနှင့် အလှူရှင်များမှ နေ့စဉ် စတုဒီသာမုန့်များဖြင့် ဧည့်ခံကျွေးမွေးကာ မကွေးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ် ခြင်း၊ သက်ကြီးဘိုးဘွားများကို ကန်တော့ခြင်းနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း အစီအစဉ်များကို ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ

No comments:

Post a Comment