Sunday, March 6, 2022

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဘိုကလေးမြို့နယ်မှ အခြေခံပညာ ဆရာ/မများနှင့် တွေ့ဆုံ

ဘိုကလေး မတ် ၆

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နေ့လည်(၂)နာရီ အချိန်တွင် ဘိုကလေးမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ မြို့နယ်ပညာရေးမှူး ဦးကျင်ရွှေနှင့် ဘိုကလေးမြို့ပေါ်ကျောင်းများမှ အခြေခံပညာဆရာ/မများနှင့်  တွေ့ဆုံ၍ လက်ရှိ ပညာသင်ကြားနေမှုအခြေအနေများ၊ ကျောင်းသား/သူများ၏ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေ အနေများအား တွေ့ဆုံမေးမြန်းခဲ့ရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် နှာခေါင်းစည်း(Mask)ပေးအပ်လှူဒါန်းရာ မြို့နယ် ပညာရေးမှူး ဦးကျင်ရွှေမှ လက်ခံရယူခဲ့သည်။

 ဆက်လက်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ရရှိရန်ပုံငွေ ကျပ်သန်း (၇၇၉)ဖြင့် တည်ဆောက်လျက်ရှိသည့် ဘိုကလေး-စက်ဆန်းကာလမ်းမပေါ်မှ ဘုရားချောင်းတံတား တည်ဆောက်နေမှုအခြေအနေများအား သွား ရောက်ကြည့်ရှုစစ်ဆေးရာ လမ်းတံတားအထူးအဖွဲ့ (၁၆)မှ တာဝန်ခံအင်ဂျင်နီယာဦးဌေးဝင်းက တံတား ဆောက်လုပ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)

No comments:

Post a Comment