Saturday, March 5, 2022

ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရဆရာဝန် (အမျိုးသမီး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲကျင်းပ

 


နေပြည်တော် မတ် ၄

ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီတပ်နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းမင်းစိုးနှင့် တပ်နယ်မှအရာရှိကြီးများ၊ သင်တန်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က သင်တန်းဆင်း ဗိုလ်လောင်းများအား ပြန်တမ်းဝင်အရာရှိ ခန့်အပ်လွှာများ ပေးအပ်၍ အမှာစကားပြောကြားသည်။ အခမ်းအနားအပြီးတွင် စစ်ရာထူးခန့်ချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းဆင်းအရာရှိများနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။
ဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရ ဆရာဝန် (အမျိုးသမီး) ဗိုလ်လောင်းသင်တန်းအား အမှတ်စဉ်(၁)မှ (၆)အထိ အမျိုးသမီး ပြန်တမ်းဝင်အရာရှိ ၉၀ ဦးကို သင်တန်းဆင်းပေးခဲ့ပြီး ဆေးမှူးပြန်တမ်းဝင် အရာရှိများအဖြစ် ယခုအခါ တပ်မတော်ဆေးရုံများတွင် တာဝန်အသီးသီး ထမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်

No comments:

Post a Comment