နေပြည်တော် မတ် ၄
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက်ရှိ ရွာမပရိယတ္တိစာသင်တိုက်၊
လှည်းကူးမြို့နယ် ဖရုံစုကျေးရွာရှိ အနန္တဂုဏ်ရည်ကျောင်းတိုက်၊ သန်လျင်မြို့နယ် ဥယျာဉ်ကျေးရွာရှိ
ပန်းဥယျာဉ်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ကွင်းကောက်မြို့ သီရိမင်္ဂလာကျောင်းကြီး
စာသင်တိုက်၊ ရခိုင်ပြည်နယ် စစ်တွေမြို့ စေတဝန်ပရိယတ္တိ တပ်ဦးဘုန်းတော်ကြီးကျောင်းတိုက်၊
ကျောက်ဖြူမြို့ မင်းကျောင်းဘုန်းတော်ကြီး ကျောင်းတိုက်၊ ဘူးသီးတောင်မြို့ ဒုံးသိမ်ဘုန်းတော်ကြီး
ကျောင်းတိုက်၊ ရတနာအောင် သိဒ္ဓိဘုန်းတော်ကြီး ကျောင်းတိုက်နှင့် မန္တလေးတိုင်းဒေသကြီး
ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေ မနောသုခအေးရိပ်သာ သီလရှင်တိုက်တို့ရှိ ဆရာတော်၊
သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊
နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့်
လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊
တိုင်းမှူးများနှင့် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်
လှူဒါန်းကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment