Saturday, January 15, 2022

ကျောက်ပန်းတောင်းမြို့နယ် ပြန်/ဆက်ဦးစီးဌာနတွင် Mobile Phone ဖြင့် သတင်းဗီဒီယို ရိုက်ကူးပေးပို့နည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်

  


ကျောက်ပန်းတောင်း     ဇန်နဝါရီ     ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် Mobile Phone ဖြင့် သတင်းဗီဒီယို ရိုက်ကူး/ တည်းဖြတ် ပေးပို့နည်း ဆင့်ပွားသင်တန်းကို၊ ယမန်နေ့ နံနက်(၉)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားရာတွင် မိမိတို့ဝန်ကြီးဌာန၏ ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန် ဟူသည့် အဓိက လုပ်ငန်းတာဝန်ကြီးသုံးရပ်အနက် တစ်ခုဖြစ်သော ပြန်ကြားရေးလုပ်ငန်းမှာ မိမိတို့ ပြန်/ဆက် ဝန်ထမ်းတိုင်း သိရှိနားလည် တတ်ကျွမ်းထားရမည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ ပြန်ကြားရေး လုပ်ငန်းအတွက် ခေတ်နှင့်အညီသတင်းများ မှန်ကန်/ မြန်ဆန်စွာ ပေးပို့ဆောင်ရွက်နိုင်ရန်အတွက်  Mobile Phone ဖြင့် သတင်းဗီဒီယိုရိုက်ကူးခြင်း၊ သတင်းပေးပို့ခြင်းများမှာ မဖြစ်မနေ တတ်သိနားလည် ထားရမှာဖြစ်သည့်အတွက် ယခုသင်တန်းကို ရုံးချုပ်တွင် တက်ရောက်သင်ကြားခဲ့သူထံမှ ပြန်လည် ဆင့်ပွား သင်ကြားပေးနိုင်ရန် ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် ဦးနေအောင်(ဓာတ်ပုံကျွမ်းကျင်-၂)က Mobile Phone ဖြင့် သတင်းဓာတ်ပုံ၊ သတင်း Video ရိုက်ကူးရာတွင် ရှောင်ရန်/ ဆောင်ရန်အချက်များ၊ Video တည်းဖြတ်နည်းများ၊ Effect များ အသုံးပြုနည်းများနှင့် သတင်းဗီဒီယိုတစ်ပုဒ် ရိုက်ကူးခြင်းနှင့် အသံသွင်းခြင်းများ၊ ရုပ်/သံတည်းဖြတ်၍ အသံသွင်းပြီးသည့် သတင်းဗီဒီယိုအား Export ထုတ်နည်းနှင့် Wetransfer ဖြင့် သတင်းပေးပို့နည်း များကို လက်ဆင့်ကမ်း သင်ကြား ပြသ ပေးခဲ့သည်။ 

အဆိုပါ သင်တန်းကို ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများ၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများ စုစုပေါင်း (၇)ဦး တက်ရောက် ခဲ့ကြပြီး၊ ညနေ(၄)နာရီတွင် သင်တန်းပြီးဆုံးခဲ့ကြောင်း သိရသည်။

နေအောင်

No comments:

Post a Comment