မြစ်ကြီးနား ဇန်နဝါရီ ၁၀
(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက် နံနက် ၈ နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ မျက်ခင်းပြင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်နှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ
(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ
ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ
ပေးပို့လာသည့် သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး Jeng
Phang နော်တောင်က ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်
ဦးခက်ထိန်နန်က ပြည်နယ်နေ့အထိမ်းအမှတ် မိန့်ခွန်းပြော ကြားသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်၊ ဦးရွှေကြိမ်း၊ ဦးမောင်းဟာ၊
ဦးစိုင်းလုံဆိုင်တို့နှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် နယ်စပ်ရေးရာ ဝန်ကြီးဌာန
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး၊
ပြည်နယ်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာများ၊ ကချင်(၆)မျိုး၊
ရှမ်း (၅)မျိုး တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက မနောအကကျင်းပ
ရေးဦးဆောင်အဖွဲ့ဝင်များနှင့်အတူ မနောကွင်းအတွင်း အဖွင့်မနောအကကို တစ်ပျော်တစ်ပါး စုပေါင်းကခဲ့ကြသည်။
ယင်းနောက်
(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာများနှင့် ဒေသ ထွက်ကုန်များ
ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့်
ပြည်နယ်ဝန်ကြီးချုပ်တို့သည် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း
မိုးလုံလေလုံ ခန်းမ၌ဆောင်၌ ပြည်နယ်နေ့ အထိမ်းအမှတ် ဖွင့်လှစ်ခဲ့သည့် မြန်မာ့ရိုးရာသိုင်းသင်တန်းဆင်းပွဲ
အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး သင်တန်းဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့ကြသော
ပြည်နယ်မြန်မာ့သိုင်းဆပ်ကော်မတီအဖွဲ့ဝင်များနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး
ရေးကျောင်းမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ချီးမြှင့်ငွေများ၊
သင်တန်းဆင်း ကျောင်းသား/သူများအတွက် သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြပြီး
သင်တန်း သား/သူများနှင့် သင်တန်းဆရာ/ဆရာမများက လက်နက်မဲ့၊ ဗန်တိုသိုင်းပညာရပ်၊
တုတ်ရှည်သိုင်း အတိုက်စွမ်းရည်များနှင့် ဗန်ရှည်သိုင်းစွမ်းရည်များကို
သရုပ်ပြကစားပြသခဲ့မှုကို ကြည့်ရှုအားပေး ခဲ့ကြသည်။
ယင်းနောက်
မွန်းလွဲပိုင်းတွင် မြို့တော်ခန်းမ၌ (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်း အမှတ်
ပြည်နယ်အတွင်း စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ကြသူများအတွက် ဂုဏ်ထူးဆောင် လက်မှတ်၊
ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာရရှိသူများအား ဆုချီးမြှင့်
ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင်
ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ အစိုးရအဖွဲ့စတင်ထမ်း ဆောင်ခဲ့သည့်
ဖေဖော်ဝါရီလမှ ယနေ့အထိ ပြည်သူ့အကျိုးပြု လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ
အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့
ဂုဏ်ပြုချီးမြှင့်ထိုက်သူများကိုလည်း ယခုလိုဂုဏ်ပြုချီးမြှင့်ပေးခြင်းအားဖြင့်
မျိုးဆက်သစ်လူငယ် များ အားကျအတုယူပြီး လူငယ်လူငယ်များသည်
တိုင်းပြည်တည်ငြိမ်းအေးချမ်းရေး၊ စည်းလုံးညီ ညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို
အမျိုးသားရေးတာဝန်အဖြစ် ကြိုးပမ်းထမ်းဆောင်ကြစေ လိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍
ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေး စိစစ်ရေးလုပ်ငန်း ကော်မတီ
ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး
အောင်ကြည်လင်းက ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်အပ်နှင်းနိုင်ရေး
စိစစ်ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊
ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ပြည်နယ်အတွင်း
စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု ပထမအဆင့်ရရှိသူ (၈)ဦး၊ ဒုတိယအဆင့်ရရှိသူ (၁၆)
ဦး၊ တတိယအဆင့်ရရှိသူ (၂၂)ဦး စုစုပေါင်း (၄၆)ဦး၊ စီးပွားရေးဆိုင်ရာထူးချွန်ဆုတွင်
ဒုတိယအဆင့်ရရှိသူ (၅)ဦး၊ တတိယအဆင့် ရရှိသူ (၁)ဦးစုစုပေါင်း (၆)ဦးတို့နှင့်
လူမှုရေးဆိုင်ရာထူးချွန်ဆုတွင် ပထမအဆင့်ရရှိသူ (၆)ဦး၊ ဒုတိယအဆင့်ရရှိသူ (၁၁)ဦး၊
တတိယအဆင့်ရရှိသူ (၉)ဦး ပေါင်း (၂၆)ဦး၊ ဂုဏ်ပြုမှတ်တမ်းလွှာ (၁၉၃)ဦး၊ စုစုပေါင်း
(၂၇၁)ဦးတို့အား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့်
မှတ်တမ်းတင်ဂုဏ်ပြုလွှာများ၊ ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင်
ဆုရရှိသူများ အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို
အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထိုမှတစ်ဆင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီး များ၊
ပြည်နယ်ဝန်ကြီးချုပ်တို့သည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ
ရွှေမိုးတောင်စေတီတော်၊ မြစ်ကြီးနားမြို့ ဆုတောင်းပြည့်စေတီတော်နှင့် အံတော်ရှင်စေတီတော်တို့အား
သွားရောက်ဖူးမျှော် ကြည်ညိုခဲ့ကြပြီး ပန်း၊ ရေချမ်း၊ ဆီမီးနှင့် နဝကမ္မအလှူငွေများ
ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက်
ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း မနောကွင်း၌ ပိတ်ပွဲမနောအကကို စုပေါင်းကခဲ့ကြပြီး
ညနေပိုင်းတွင် (၇၄)နှစ်မြောက်ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲကို ကချင်နှင့်
ရှမ်းတိုင်းရင်းသားရိုးရာအကအလှအစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။
ပြည်နယ်
ပြန်/ဆက်
No comments:
Post a Comment