Friday, January 21, 2022

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဒူကထောင်ရပ်ကွက်အတွင်း လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်နိုင် ရေး ကွင်းဆင်းစစ်ဆေး


မြစ်ကြီးနား    ဇန်နဝါရီ     ၂၁

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်အတွင်း လမ်းများခင်းကျင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီ တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ပြည်နယ်ဝန်ကြီးချုပ်သည် ဒူကထောင်ရပ်ကွက် နယ်မြေ(၅) အတွင်းရှိ ရပ်မိ/ရပ်ဖများနှင့် ရပ်ကွက်နေ ပြည်သူများ၏ လိုလားချက်အရ ရပ်ကွက်အတွင်းလမ်းများဖြစ်သည့် ဆိမ့်ဆလမ်း အရှည် ၁၂ဝဝ ပေ၊ မနောလမ်း အရှည် ၁၁ဝဝပေ၊ မင်္ဂလာလမ်း အရှည် ၁၃၂၅ ပေ တို့အား ခင်းကျင်းပေးနိုင်ရေး၊ ရပ်ကွက် အတွင်း ကလေးကစားကွင်း ဆောင်ရွက်နိုင်ရေး မြေနေရာအခြေအနေနှင့် ရေဝပ်သည့် နေရာများတွင် ရေနှုတ်မြောင်းများ ‌ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ ဝန်ထုတ်ဝန်ပိုး မဖြစ်စေရေးအတွက် အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အမြန်ဆုံး ဆောင်ရွက်‌ပေးနိုင်ရေးနှင့် လမ်းနှင့်ကစားကွင်းနေရာတို့ကို ကွင်းဆင်းတိုင်းတာ စစ်ဆေးတင်ပြရေးတို့ အတွက် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

No comments:

Post a Comment