Friday, January 21, 2022

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂)တက်ရောက်ခြင်းနှင့် အမှတ်(၄) တပ်မတော်ဆေးရုံ(ကုတင်-၃၀၀)တွင် ဆေးကုသမှုခံယူနေသောလူနာများအား စားသောက်ဖွယ်ရာများပေးအပ်




 မုံရွာ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၂)ကို ဇန်နဝါရီလ(၂၀)ရက်၊ နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “စစ်ကိုင်း တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ  တာဝန်ရှိသူများမှ Phase 6 ကာကွယ်ဆေးများကို ရည်မှန်းချက်ထားရှိပြီး လျာထားချက်များအတိုင်း ပြည့်မီအောင် ထိုးနှံနိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ လိုအပ်ချက်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ၁ လအတွင်း ထိုးနှံရမည့် ကာကွယ်ဆေးများကို သက်မှတ်ရာနှုန်းပြည့် ထိုးနှံနိုင်ရေး တာဝန်ရှိသူများမှ အလေးထား ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊  ကာကွယ်ဆေးများအား ထိုးနှုန်းမြင့်မားကာ ထိုးနှံနိုင်သည့် နေရာများသို့ ပို့ဆောင်ပေးရန်လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးများအား ခွဲဝေဖြန့်ဖြူးပေးရာတွင် စာရင်းများစနစ်တကျရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကာကွယ် ဆေးထိုးနှံသည့် နေရာများတွင်လည်း လုံခြုံရေးပေါ့ဆမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ” ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုးစစ်ဆေးတွေ့ရှိမှု၊ ဆေးရုံ တက်ရောက်ကုသမှုနှင့် ဆေးရုံဆင်းမှု၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ သတ်မှတ်လျာထားချက် ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေ များနှင့်ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ (၂၁)ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ အမှတ်(၄)တပ်မတော်ဆေးရုံ ကုတင်-၃၀၀ သို့ရောက် ရှိကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့်  တာဝန်ရှိသူများက ဆေးကုသမှုခံယူ နေကြသူများအား လှည့်လည်ကြည့်ရှု အားပေး စကားပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာ များအား အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်

No comments:

Post a Comment