နိုင်ငံတော်က ချမှတ်ထားသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို စေ့ငုကြည့်ပါက တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံပေါများရေးအတွက် ရှေးရှုဆောင်ရွက်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်၏ ဦးတည်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရက ပြည်သူအားလုံး၏ စားဝတ်နေမှုဖူလုံရေး၊ ကျေးလက်ဒေသနှင့် မြို့ပြဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းရေးနှင့် ဆင်းရဲမှု လျှော့ချနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်
နိုင်ငံတော်တာဝန်အရပ်ရပ်ကို စတင်ယူသည့်အချိန်မှစ၍ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊
ဦးတည်ချက်(၉) ရပ်တို့နှင့်အညီ ကြိုးပမ်းဆောင်ရွက်ရာ၌ တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ရောဂါကြောင့်
ကျဆင်းနေသည့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေ ပြန်လည်ဦးမော့လာ ပြီးသွက်လက်မြန်ဆန်ရေးအတွက်
အတတ်နိုင်ဆုံး အထူးဦးစားပေးဆောင်ရွက် နေသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီကတည်းက
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့်
ဖွံ့ဖြိုးမှု ပန်းတိုင်များ (Sustainable Development Goals-SDGs) 2015-2030 အကောင်အထည်ဖော်ဆောင်ရွက်ရန်
အတည်ပြုခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် SDGs အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်
ပတ်သက်သည့်အစီရင်ခံစာကို ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးဌာနသို့ အချိန်မီပေးပို့ထားသည်။
ထို့အပြင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဖြစ်မှ လွတ်မြောက်ရေးအတွက် နိုင်ငံတော်က
ဆောင်ရွက်ရမည့်ကိစ္စများကို အကောင် အထည်ဖော်ခဲ့သည်။ LDC နိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက်
သတ်မှတ်ထားသော စံနှုန်းများ ပြည့်မီရေး စီမံကိန်းများ၊ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံများအားလုံး စီးပွားရေး ကျဆင်းနေသည်ကို
နားလည် ထားကြသည်။
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပြီး
ကျေးလက်နေပြည်သူများသည် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း
ပြုသူများဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျေးလက်နေ ပြည်သူများမှာ အများစုဖြစ်၍ကျေးလက်စီးပွားရေးကို
မြှင့်တင်ဖော်ဆောင်ပေးရမည်ဖြစ် သည်။ ကျေးလက် နေပြည်သူများ ဝင်ငွေရရှိရေးအတွက် အထောက်အကူဖြစ်စေမည့်
သွင်းအားစုများ လုံလောက်စွာ ရရှိရေးနှင့် စိုက်ပျိုးစရိတ်ရရှိရေးတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်
ပေးရမည်ဖြစ်သည်။ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဒေသအလိုက်
အားသာချက်ရှိ သည့် ထုတ်ကုန်များကို ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်ရန်
ကြိုးစားကြရ မည်ဖြစ်သည်။
ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ
ဖန်တီးပေးပြီး ဝင်ငွေတိုးတက်ရရှိရေးသည် အဓိကလိုအပ် ချက်ဖြစ်ရာ ကျေးလက်ဒေသများတွင် အသေးစား၊
အလတ်စားလုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင် မိသားစု လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာအောင်
အားပေးမြှင့်တင်ပေးပြီး ဝင်ငွေများ တိုးတက်ရရှိလာအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ကိုဗစ်-၁၉
ရောဂါကြောင့် ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသော နိုင်ငံသားများအလုပ်အကိုင်ရရှိရေးအတွက်
ကျေးလက်စီးပွားရေးကို မြှင့်တင်ပေးရန်လိုအပ်သည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကြောင့်
ပိတ်ထားရသည့် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ပေးခြင်းအားဖြင့် ပြည်ပသို့စီးထွက်သွားသည့်
ရွှေ့ပြောင်းလုပ်သားများကို လျှော့ချနိုင် မည်။ နိုင်ငံတော်အစိုးရသည်ပြည်သူ များအတွက်
အခြေခံစီးပွားရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိ ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုး
တက်ရေးအတွက် အမျိုးသားစီမံကိန်းများကို ရေးဆွဲ ဆောင်ရွက်လျက်ရှိသည်။
အမျိုးသားစီမံကိန်းများသည် ကိုဗစ်-၁၉
ရောဂါကြောင့် ယိုင်နဲ့နေသော စီးပွားရေးလုပ်ငန်းများ အားလက်တွေ့ ကျကျ ပြန်လည်ဦးမော့လာစေရန်လမ်းကြောင်း
မှန်ပေါ်သို့တင်ပေးသည့် စီမံကိန်းများဖြစ်သည်။ နိုင်ငံတော်က အမျိုးသားစီမံကိန်းများကို
အောင်မြင်အောင်အကောင် အထည်ဖော်ဆောင်ရွက်ပြီး ပြည်သူများက အခြေခံကျသည့် စီးပွားရေးလုပ်ငန်းများကို
တက်ညီလက်ညီကြိုးပမ်း ဆောင်ရွက်နိုင်လျှင် နိုင်ငံ့စီးပွားရေး၊ ပြည်သူ လူထု စီးပွားရေး
မြင့်မား တိုးတက်လာပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်လာမည်မှာ အမှန်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊
ကျေးလက်စီးပွား ကောင်းမွန်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ကောင်းမွန်ရန်လိုအပ်သဖြင့်
နှောင့်ယှက်ဖျက်ဆီးသူများအား ဝိုင်းဝန်းဖယ်ရှားကြ ရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် စီမံကိန်းများကိုလက်တွေ့ကျကျ
အကောင်အထည် ဖော်ဆောင်ရွက်ပြီး အခက်အခဲ အကျပ်အတည်းများကြားမှ ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါနှင့် အဖျက်အန္တရာယ်များ အားကျော်လွှားပြီး တိုင်းပြည် စီးပွားရေးဖွံ့
ဖြိုးတိုးတက်အောင်၊ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မား တိုးတက် လာအောင် စီမံကိန်းလုပ်ငန်းများ၊
အခြေခံစီးပွားရေးလုပ်ငန်းများ အကောင်အထည် ပေါ်လာအောင် တက်ညီလက်ညီလက်တွဲကြိုးပမ်းဆောင်ရွက်ကြပါရန်
တိုက်တွန်း အပ်ပါကြောင်း။ ။
(ကြေးမုံအယ်ဒီတာ့အာဘော်)
No comments:
Post a Comment