ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အကန့်အသတ်၊ အတားအဆီးများ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်းနှင့် ကပ်ရောဂါကူးစက်ပျံ့နှံ့မှု နှင့်စပ်လျဉ်း၍ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်တို့ ဆိုက်ဆိုင်း ကျဆင်းရခြင်းဟူသော အကြောင်းတရား၊ နိုင်ငံရေးအပြောင်းအလဲများကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများ၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုများ၊ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြား မှုများဟူသော အကြောင်းတရား။ ယင်းအကြောင်းတရား နှစ်ရပ်ကိုမှာ မြန်မာပြည်သူတို့၏ နေ့စဉ်ဘဝများတွင် နတ်ဆိုးများသဖွယ် အနှောင့်အယှက်ပြုနေကြသည်။
ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ် လာနိုင်ပြီး စီးပွားရေးယန္တရားများ ပြန်လည်လည်ပတ်လာနိုင်ရေး ကြိုးပမ်းမှုများစတင်ချိန်တွင် နောက်ထပ်ကိုဗစ်-၁၉ မျိုးဗီဇသစ်က ကမ္ဘာ့နိုင်ငံ အသီးသီးတို့တွင် အရှိန်အဟုန်ဖြင့် ထပ်မံ၍ ကူးစက် ပျံ့နှံ့မှုများ ဖြစ်ပေါ်လာသည်။ အချိန်တိုအတွင်းမှာ ပင် အိုမီခရွန် အမည်ရှိ ယင်းမျိုးဗီဇအသစ် ကိုဗစ်-၁၉ ရောဂါက မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဆီသို့ ရောက်ရှိလာသလို ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်များဖြင့် ပြည်ပမှ ပြန်လာသူများမှတစ်ဆင့် ပြည်တွင်းသို့ ရောက်ရှိလာသည်။ လက်ရှိအချိန်အထိ အိုမီခရွန် ကူးစက်ခံထားရပြီး ပြန်လည်ဝင်ရောက်လာသူ နိုင်ငံသား များနှင့် နိုင်ငံခြားသားများကို စစ်ဆေးတွေ့ရှိ၍ စောင့်ကြည့်ကုသမှုများ ပြုလုပ်ပေးနိုင်နေဆဲဖြစ်သော် လည်း မည်သည့်အချိန်တွင် ပြည်တွင်း ကူးစက်မှု ဖြစ်ပေါ်လာမည်လဲဟု သတိပြု စောင့်ကြည့်ကြရဦးမည် ဖြစ်သည်။ အိုမီခရွန်ကို အကြောင်းပြု၍ ခရီးသွားလာမှုများ၊ လူအများစုဝေးမှုများတွင် ကန့်သတ်မှုများ ဆက်လက်ပြု လုပ်ရဦး မည်ဖြစ်ရာ စီးပွားရေးလုပ်ငန်းများတွင် အနည်းနှင့်အများ တုံ့ဆိုင်းလေးလံနေဦးမှာ ဖြစ်သည်။ ယင်းအချက်က ပြည်သူများ၏ နေ့စဉ် ဘဂများအပေါ်တွင် အတိုင်းအတာတစ်ရပ်အထိ ထိခိုက်မှုဖြစ်ပေါ် စေသည်။
ဒုတိယမြောက်အချက်မှာ အကြမ်းဖက်မှုများ၊ တရားဥပဒေ စိုးမိုးရေး ပျက်ပြားမှုများဖြစ်ပြီး အကြမ်းဖက် အားပေးသူများ၊ နိုင်ငံရေး အစွန်းရောက်များ၊ ပြည်ဖျက်မီဒီယာများက နိုင်ငံကို ပျက်စီးရာပျက်စီး
ကြောင်း တွန်းအားပေး မီးမွှေးနေကြခြင်းဖြစ်သည်။
ရပ်ရွာများအတွင်း မမှန်မကန်သတင်းများ၊ သတင်းတု သတင်း ယောင်များမှာ ဆိုရှယ် မီဒီယာများမှတစ်ဆင့်
ပျံ့နှံ့နေကြရာ ပြည်သူများအတွင်း ထင်ယောင် ထင်မှား ဖြစ်ကြရသည်။ သတင်းအချက်အလက်မှန်များကို
ရရှိမှသာ ပြည်သူများအနေဖြင့် မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မည်ဖြစ်သော်လည်း သတင်းအတုအယောင်များကိုသာ
ရရှိနေကြသည့် အလျောက် ဇဝေဇဝါ အထိတ်တလန့်ဖြစ်ကြရသည်။ ဥပမာအားဖြင့် မြို့ပေါ် တိုက်ပွဲများ၊
ပြည်တွင်းစစ်များ ဖြစ်လာတော့ မည်ဖြစ်သည့် အတွက်လိုအပ်သည်များ စုဆောင်းထားရှိရန်၊ တိမ်းရှောင်နိုင်ရေး
ပြင်ဆင်ထားရန်စ သည့် ခြောက်လုံး၊ လှန့်လုံးများပင် ဖြစ်သည်။ မြန်မာပြည်သူတို့ အသုံးများသည့်
လူမှုကွန်ရက်ပေါ်တွင် နိုင်ငံပျက် စီးအောင် ချောက်တွန်းနေကြသူအများစုမှာ ပြည်ပနိုင်ငံများတွင်
ရောက်ရှိနေသူများ၊ အကောင့်အတု များကို သုံးစွဲ၍ မဟုတ်မမှန် ဖြန့်ဝေရေးသား နေသည့် မသမာသူများသာဖြစ်သည်။
အထက်တွင် ဖော်ပြခဲ့သည့် ကပ်ရောဂါသည်လည်းကောင်း၊
အကြမ်းဖက်မှုများသည်လည်းကောင်း ပြည်သူတို့၏ စွမ်းပကားဖြင့် တားဆီးကာကွယ်နိုင်၊ ဖြိုခွဲရှင်းလင်းနိုင်သည့်
အရာများသာဖြစ်သည်။ ပြည်သူ တစ်ဦးချင်းစီ ကကပ်ရောဂါကိုလည်း ကာကွယ်၊ အကြမ်းဖက်မှုများကိုလည်း
မလိုလားသည့် ဆန္ဒဖြင့် ဆန့်ကျင်တွန်း လှန်ဖယ်ရှား ကြခြင်းဖြင့် ပြည်သူအားလုံး စုစည်းမိသောအခါ
ကြီးမားသည့် စွမ်းအား ဖြစ်ပေါ်လာသည်။ ပြည်သူ့စွမ်းအားသည်သာ နိုင်ငံကို ကာကွယ်ခြင်း၊
နိုင်ငံကို တည်ဆောက်ခြင်း တို့အတွက် အဓိကကျသည့် စွမ်းအားဟု ခံယူပါကြောင်း။ ။
(မြန်မာ့အလင်း အယ်ဒီတာ့အာဘော်)
No comments:
Post a Comment