မြစ်ကြီးနား ဇန်နဝါရီ ၁၇
ကချင်ပြည်နယ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကို ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်း က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က
ပြည်နယ်အတွင်း ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့်
ကူညီထောက်ပံ့ရေး ဆောင်ရွက်နေမှုအခြေအနေများကို
ရှင်းလင်းပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ သက်သက်ခိုင် က ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လူမှုဝန်ထမ်းလုပ်ငန်းများ၊
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ လူသားချင်းစာနာမှုအကူအညီပေးရေး
လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
လိုအပ်ချက်များကိုတင်ပြ
ယင်းနောက် ပြည်နယ်အဆင့်တာဝန်ရှိသူများ
က ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်
ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် လိုအပ်ချက်များကို တင်ပြကြသည်။
မွန်းလွဲပိုင်းတွင်
ဝိုင်းမော်မြို့နယ်ရှိ မိုင်းများဖွံ့ဖြိုးရေးခြံ (KBC) တိုက်ပွဲရှောင်စခန်းနှင့် မိုင်းနား
စိန့်ဂျိုးဇက် (RC) တိုက်ပွဲရှောင်စခန်းများသို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီး က လတ်တလောကာလအတွင်း
လူစုလူဝေးဖြင့် စုစည်းနေထိုင်ကြသည့် ယာယီတိုက်ပွဲရှောင်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ
ကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးရန် လိုအပ်ပါကြောင်း၊ ယာယီနေရာများတွင်
နေထိုင်ရသည့်အချိန် ကြာမြင့်လာမှုသည် ကလေးသူငယ်များ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးရာတွင်
စိန်ခေါ်မှုများ များပြားလာနိုင်ပါကြောင်း၊ နိုင်ငံတော်က စားနပ်ရိက္ခာ ထောက်ပံ့မှုများပေးနေသော်လည်း
ရေရှည်တွင် အမှီအခို ကင်းကင်းဖြင့်လူမှုစီးပွား
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော်က မူဝါဒများ၊
စီမံချက်များချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ ကိုယ်တိုင်ဆန္ဒဖြင့်လည်း
ကြိုးပမ်းအားထုတ်ပူးပေါင်း ပါဝင်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်ချက်များကို
အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
အားပေးစကားပြောကြား
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်
ဦးခက်ထိန်နန် က ပဋိပက္ခများကြောင့် ယာယီခိုလှုံရာ နေရာများ ပေါ်ပေါက်လာခဲ့မှု အခြေအနေများနှင့် နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ခဲ့မှု ဆက်လက်ဆောင်ရွက်မည့်
အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး အားပေးစကား ပြောကြားသည်။ ဆက်လက်၍ စခန်းတာဝန်ခံများက
လိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်း ပေးနိုင်မည့်အခြေအနေများကို
ညှိနှိုင်းဆွေးနွေးသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ညနေပိုင်းတွင် မြစ်ကြီးနားမြို့
မြို့သစ်ကြီးရပ်ကွက် အေးမြသာယာအဆင့်မြင့်ဈေး၏ Night | Market ဖွင့်ပွဲကို တက်ရောက်ပြီး
မဉ္ဇူသာကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများနှင့်အတူ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ
Night Market အတွင်း လှည့်လည်ကြည့်ရှုသည်။
ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းတွင်
၂၀၂၁-၂၀၂ ခြောက်လ ဘတ်ဂျက်အတွက် ကချင်ပြည်နယ် အတွင်းရှိအသက်(၈၅)နှစ်အထက် ဘိုးဘွားများအား
လူမှုရေးပင်စင် ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်း
ပရဟိတဂေဟာများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်းများအား ထောက်ပံ့ခြင်းနှင့် ယာယီခိုလှုံရာနေရာမှ
ပြန်လည်ပြောင်းရွှေ့သည့် တိုက်ပွဲရှောင် ပြည်သူများအတွက် ထောက်ပံ့ခြင်းအခမ်းအနားကို
မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊
ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်
အောင်မျိုးဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များနှင့် အကျိုးခံစားခွင့်ရှိသူပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်
တာဝန်ရှိသူများက ကချင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေး
ပရဟိတဂေဟာ ၁၂ ခု၊ မသန်စွမ်း ဂေဟာတစ်ခုနှင့် ဘိုးဘွားရိပ်သာ တစ်ခုတို့အတွက် ထောက်ပံ့ငွေကျပ်
၄၃၄၀၃၀၀၀၊ အသက် (၈၅)နှစ် နှင့်အထက် ဘိုးဘွား ၄၈၄၀ အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ်
၁၄၅၂၀၀၀၀၀၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများသို့ ထောက်ပံ့ငွေကျပ် ၁၅၉၁၀၀၀၀၊
ပူတာအိုမြို့ ဒုတ်ထာရပ်ကွက်နှင့် လုံးစွတ်ရပ်ကွက်ရှိ (IDP) စခန်းမှ ဇီဒမ်းကျေးရွာနှင့်
ဒုတ်ထာရပ်ကွက်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု ၈၈ စုအတွက် ပြောင်းရွှေ့စရိတ်၊
စားနပ်ရိက္ခာ တစ်လစာ ထောက်ပံ့ငွေကျပ် ၁၇၃၇၈၀၀၀၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၂၁၈၉၁၀၀၀
တို့ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည်
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံး သိုလှောင်ရုံကို
ကြည့်ရှုစစ်ဆေး၍ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး
စခန်း(မြစ်ကြီးနား)၌ စခန်းအခြေပြုပြန်လည် ထူထောင်ရေး သင်တန်းဖွင့်လှစ်နေမှုနှင့် သင်တန်းသားများအား
တွေ့ဆုံသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ အိမ်တွင်းမှု
သက်မွေးလုပ်ငန်း ပညာသင်ကျောင်း (မြစ်ကြီးနား) ကိုလည်းကောင်း၊ မြစ်ကြီးနားမြို့ အမှတ်(၁)
မူလတန်းကြို ကျောင်းကိုလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment