နေပြည်တော် ဇန်နဝါရီ ၂၃
ကယားပြည်နယ်အတွင်း NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှစတင်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ KNPP အဖွဲ့အချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလအတွင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လွိုင်ကော်မြို့ပေါ်အပါအဝင် အဆိုပါဒေသတစ်ဝိုက်မှ အပြစ်မဲ့ပြည်သူများ တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် လွတ်ကင်းသည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင် လျက်ရှိသည်။
အဆိုပါဒေသတစ်ဝိုက်အား
လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၂ ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုများ
ပြန်လည်ရရှိလာသဖြင့် ဈေးများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်၍ အေးချမ်းတည်ငြိမ်စွာ
ရောင်းဝယ်ဖောက်ကားလျက် ရှိသည့်အပြင် ဘုရား၊ စေတီများနှင့် အခြားဘာသာရေးကျောင်းများ၌လည်း
ဘုရားဖူး ဝတ်ပြုဆုတောင်းသူများနှင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိသည်။
ထို့အပြင် တိုက်ပွဲရှောင်ပြည်သူများ
ပြန်လည်နေထိုင်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရာ အဆိုပါ ထွက်ပြေးတိမ်းရှောင်နေသူများအနက်မှ
ဇန်နဝါရီ ၂၂ ရက်နှင့် ယနေ့တို့တွင် လွိုင်ကော်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ
တိုက်ပွဲရှောင် ပြည်သူ ၃၁၄ ဦးတို့သည် ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လာခဲ့ရာ
သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျလက်ခံခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း၍
ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment