နေပြည်တော် ဇန်နဝါရီ ၂၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို ယနေ့နံနက် (၁၀) နာရီတွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး
ဦးခင်ရီ က နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့်
ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ နိုင်ငံနှင့်အဝန်း
ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊
မေ (၃)ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၃)ရက်အထိ (၁၈)လကြာ ဆောင်ရွက်ရန်နှင့် တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃ ဒသမ ၄) သန်းကျော် ဆောင်ရွက်ပေးရန် လျာထား
ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့်
နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၉၅၇၆) ကတ် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၁၆၇၉၈၇) ကတ်
ပြီးစီးနေပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၁၀၅ ဒသမ ၂၇) ရာခိုင်နှုန်းပြီးစီးပြီ
ဖြစ်သဖြင့် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ယခုကဲ့သို့ ပန်းခင်းစီမံချက်
လျာထားချက် ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် မိမိတို့ဌာနတစ်ခုတည်းကြောင့်
မဟုတ်ဘဲ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းအဆင့်အဆင့်၏ ကြီးကြပ်ကွပ်ကဲမှု၊ ဆက်စပ်ဌာနများ၊
လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှု၊
နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများကြောင့်ဖြစ်ပါကြောင်း၊
ပဲခူးတိုင်းဒေသကြီး အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအနက် ပထမဦးဆုံး တိုင်းလုံးကျွတ်
လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း စီမံချက်အရလျာထားချက် ပြည့်မီအောင်ဆောင်ရွက်နိုင်သော်လည်း
ပြီးဆုံးခြင်းမရှိသည့်အတွက် ယင်းလုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း၊
စီမံချက်လုပ်ငန်းများအောင်မြင်ရေး အတွက် အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်
တိုက်တွန်းပါကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမျိုးဆွေဝင်း က ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက်
ရာနှုန်းပြည့်ပြီးမြောက်အောင် အကောင်အထည် ဖော်ဆောင်ရွက်မှုနှင့် လုပ်ငန်းအောင်မြင်ရေးအတွက်
ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအား ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်
ပန်းခင်းစီမံချက်ကို တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်အောင်
ကြိုးပမ်းဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် က ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း(၂၀)ကို
တိုင်းဦးစီးမှူးထံသို့ လည်းကောင်း ပေးအပ်ပြီးနောက် ပန်းခင်းစီမံချက်အား ထူးထူးချွန်ချွန်ကြိုးပမ်း
ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား တစ်ဆင့်မြှင့်ရာထူးတိုးမြှင့်ပေးကာ ရာထူးအဆင့်များကို
တပ်ဆင်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများက ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်အောင်
ကြိုးပမ်းဆောင်ရွက် ပေးကြသည့် ဌာနဆိုင်ရာများမှ
တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်
e-ID လုပ်ငန်း ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကွန်ပျူတာ(၂၈)စုံတို့ကို ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်
တက်ရောက်လာကြသူများသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” သီချင်းနှင့် “ကြိုလင့်နေမည် ပဲခူးတိုင်းဌာနေ” သီချင်းတို့ဖြင့် ဖျော်ဖြေ တင်ဆက်မှု၊
ပဲခူးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ
Video clip ပြသမှုတို့ကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် အီလက်ထရောနစ်စနစ်ဖြင့်
လူဦးရေမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည်
ပဲခူးမြို့ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှဝန်ထမ်းများနှင့်
တွေ့ဆုံကာ လိုအပ်သည်များကို ရှင်းလင်းမှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည်
ပဲခူးမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား
ထုတ်ပေးပြီးသူများ၏ ကိုယ်ရေးအချက်အလက်များ ကွန်ပျူတာဖြင့် ဖြည်သွင်းကာ e-ID စနစ်ဖြင့်ချိတ်ဆက်
အသုံးပြုနိုင်ရေးအတွက် တိုက်ဆိုင်စစ်ဆေးနေမှုနှင့် မှတ်တမ်းခန်း၌ ကိုယ်ရေးဖိုင်များ
စနစ်တကျ ထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment