Monday, January 24, 2022

ကချင်ပြည်နယ်၀န်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်း ခမ်းတီလုံပညာဒါနပရဟိတကျောင်းနှင့် မေတ္တာရှင် သားဖွားခန်းတို့အား ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

 


ပူတာအို   ဇန်နဝါရီ   ၂၄

ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့ နာယက ကချင်ပြည်နယ်၀န်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းသည် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အတူ ဇန်နဝါရီ(၂၃)ရက် မွန်းလွဲ (၂)နာရီ က ပူတာအိုမြို့ရှိ ခမ်းတီလုံပညာဒါနပရဟိတ ကျောင်းနှင့် ဒုတ္ထန်ရပ်ကွက် မေတ္တာရှင်သားဖွားခန်းတို့ အတွက် ထောက်ပံ့ရေးပစ္စည်းများကို ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။

 

ရှေးဦးစွာ ကချင်ပြည်နယ်၀န်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းနှင့်တာ၀န်ရှိသူများသည် ပူတာအိုမြို့ ဟိုခိုရပ်ကွက် ဇေယျသိဒ္ဓိကျောင်းတိုက်တွင် ဖွင့်လှစ်ထားသော ရှမ်းမျိုးနွယ်စုဝင် ခမ်းတီလုံ ပညာဒါနပရဟိတကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား သွားရောက် တွေ့ဆုံအားပေးစကားပြောကြားပြီး ပြည်နယ်၀န်ကြီးချုပ်၏ဇနီးနှင့် တာ၀န်ရှိသူများက ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ခြေအိတ်(၂၂၈)စုံ၊ နှာခေါင်းစည်း Mask (၄၀၀၀)ခု၊လက်သန့်ဆေးရည်(၅)ဗူးနှင့် ဆရာ/ဆရာမ(၁၂)ဦးအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။

 

ထိုမှတစ်ဆင့် ပြည်နယ်၀န်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းနှင့် တာ၀န်ရှိသူများသည် ပူတာအိုမြို့  ဒုတ္ထန်ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ပိုင် မေတ္တာရှင်သားဖွား‌‌ဆေးခန်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များ၊ကျန်းမာရေးဆရာမများနှင့်တွေ့ဆုံကာ ယခင်အောက်တို ဘာလအတွင်းလာရောက်စဉ် သားဖွားခန်း၌ ဆေးနှင့်ဆေးပစ္စည်းများ လိုအပ်ချက်ရှိနေသည်ကို တွေ့ရှိရသည့်အတွက် ယခုလာရောက်ဖြည့်ဆည်းပေးရခြင်းဖြစ်ကြောင်းနှင့် အားပေးစကားပြော ကြားပြီး  မေတ္တာရှင်သားဖွားခန်းအတွက် လိုအပ်လျက်ရှိသော ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ၊ ကျန်းမာ‌ရေးဆရာမများအတွက် ထောက်ပံ့ငွေများနှင့် ဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)

No comments:

Post a Comment