ပူတာအို ဇန်နဝါရီ ၂၄
ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ဇန်နဝါရီ ၂၃ ရက်တွင် ပူတာအိုမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ နံနက် ၇ နာရီတွင် မြို့သန့်ရှင်းသာယာလှပရေး အစီအစဉ်တစ်ရပ်အဖြစ် ပူတာအိုမြို့တွင်း ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် လမ်းဘေး ဝဲ/ယာတို့တွင် အမှိုက်များကောက်ယူခြင်း၊ ရေနှုတ်မြောင်းများအတွင်း အမှိုက်နှင့် ကျောက်ခဲများ ရှင်းလင်းကောက်ယူခြင်းတို့ကို တစ်ပျော်တစ်ပါးစုပေါင်းဆောင်ရွက်ခဲ့ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများအတွက် နံနက်စာနှင့် ထောက်ပံ့ငွေ ကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက် လျက်ရှိ သောဦးရဲရွှေ၏ ဘက်စုံမွေးမြူရေးခြံ၌ ဥစားကြက်အကောင်ရေ ၅၀၀ ၊ ဒေသဝက် ကောင်ရေ ၅၀ ကျော်၊ ကြက်ဆင်နှင့်မန်ဒါလီဘဲများ မွေးမြူထားရှိမှုကိုလည်းကောင်း၊ ပူတာအိုမြို့နယ်အတွင်း ထဝါဒမ်း ကျေးရွာရှိဦးဒီးတန်၏ မွေးမြူရေးခြံ၌ မန်ဒါလီဘဲ၊ဒေသကြက် မွေးမြူရေးခြံအတွင်း မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ရိုးရာအဝတ်အစားများ ယက်ကန်းခတ် လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်း များနှင့်မွေးမြူရေးတစ်ခြံလျှင် ထောက်ပံ့ငွေကျပ် ငွေကျပ် ၁၀သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း ၂၀ နှင့် ဒေသကြက်မွေးမြူရေး လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် ဦးမင်းမင်း၏ မွေးမြူရေး ခြံအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေး အပ်ခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ခရိုင်၊ မြို့နယ်ဥပဒေရုံး၌ ဥပဒေရုံးများရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားကာ ပြည်နယ်ဥပဒေချုပ်နှင့် ခရိုင်၊ မြို့နယ် ဥပဒေအရာရှိများ၏ ဒေသအလိုက် ရုံးအဆောက်အဦလိုအပ်ချက်၊ ခြံစည်းရိုးကာ ရုံရေး ကိစ္စရပ်များ၊ဒေသတွင်း ခရီးသွားလာရေးအတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် လိုအပ်ချက်များတင်ပြမှု အပေါ် ပြည်နယ်ဥပဒေချုပ်၊ ခရိုင်/ မြို့နယ်ဥပဒေအရာရှိများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ပြီး ဥပဒေရုံးဝန်ထမ်းများအတွက် အနွေးထည် များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ဒုတ္တန်ရပ်ကွက်ရှိ နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသော ပိုင်ရှင် ဦးမဲဇာဒီး၏ မွေးမြူရေးခြံ၌ နွားအကောင် (၅၀)၊ ဒေသကြက်အကောင် ၁၀၀ နှင့် ဝက်များ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပူတာအိုခရိုင်အတွင်း ဒေသတွင်း သား၊ ငါးစားသုံး မှုဖူလုံစေရေးအတွက် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရေး၊ မိသားစုဝင်ငွေတိုးပွားရေးအပြင် ဒေသစားနပ်ရိက္ခာဖူလုံရေးအတွက် တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေး အထောက်အကူပြုဆေးဝါးများနှင့် ထောက်ပံ့ငွေကျပ် ၅ သိန်းကို နွားခြံပိုင်ရှင် မိသားစုအတွက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ ကောင်က ထောင်ကွင်း အတွင်း ပူတာအိုဒေသအတွက် စားနပ်ရိက္ခာဖူလုံရေးနှင့်ဒေသထွက် ထုတ်ကုန်တိုး ပွားလာစေရေး သီးထပ်သီးနှံများ နည်းစနစ်ကျ စိုက်ပျိုးဆောင်ရွက်နိုင်ရေး ဆောင်ရွက်ထား ရှိသည့် ဆီမုန်ညှင်း၊ ဆောင်းပဲပုတ်နှင့်ပန်းနှမ်းစံပြစိုက်ကွက် ၁၀ ဧကအတွင်း သီးနှံများ စိုက်ပျိုး ထားရှိမှုအခြေအနေများနှင့် မက်မန်းခြံအတွင်း တောင်သူအသိပညာပေး EMO ဘိုကာရှီမြေဆွေး ပြုလုပ်ထားရှိမှုများနှင့် ပူတာအိုဒေသထွက် သီးနှံဖြစ်သည့် ဂရိတ်ဖုသီးပိုမိုအထွက်တိုးအောင်မြင်စေရေး အောက်ခံအပင်ဖြစ် သည့် ရှောက်ပန်းသီးပျိုးပင်များ၊ ကော်ဖီပင်များ ပျိုးထောင်ထားရှိမှုအခြေအနေတို့ကို ကြည့််ရှုစစ်ဆေးခဲ့ သည်။
ဆက်လက်၍ အဆိုပါ စိုက်ပျိုးရေးဦးစီးဌာနပိုင် စံပြစိုက်ကွက်အတွင်း ကျွဲ၊ နွားအန္တရာယ် ကင်းဝေးစေ ရေး ပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့်ဆောင်ရွက်ပေးခဲ့သည့် စံပြစိုက်ကွက် ၁၅ ဧကအတွက် ခြံစည်းရိုးကာရန်ထားရှိမှုနှင့် ပြည်ထောင်စုလမ်းမကြီးဘေး ဝဲ/ယာတစ်လျှောက် စည်ပင်သာယာရေး ဌာနမှ ဆောင်ရွက်ထားရှိသည့် အလှပန်းခြံငယ်များ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့မရပ်ကွက်အတွင်းရှိ ခရိုင်လမ်းဦးစီးဌာန၊ ၄ ခန်းတွဲ ၁ ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်သို့သွားရောက်ကာ ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာနပိုင် ဂိုတောင်အတွင်း ပူတာအို ဒေသတွင်းရှိ တောင်သူများအား ဖြန့်ဝေပေးနိုင်ရေးအတွက် ဆင်းဧကရီ-၃ စပါးမျိုးစေ့များ စုဆောင်း ထားရှိမှုနှင့် ချိုသာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ယူရီးယားပုလဲဓာတ်မြေသြဇာ အိတ်များ စုဆောင်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူ များအားမှာ ကြားခဲ့သည်။
ပြည်နယ်ပြန်/ဆက်
No comments:
Post a Comment