Wednesday, January 19, 2022

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 



မြစ်ကြီးနား     ဇန်နဝါရီ   ၁၉

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင် စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်ထောင်စုနေ့ သည် မိမိတို့နိုင်ငံအတွက် အရေးကြီးသည့် အခမ်းအနားတစ်ခုဖြစ်သည့်အတွက် မိမိတို့ပြည်နယ် တွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် အခမ်းအနား တွင်လည်း ပြည်နယ်ကိုယ်စားပြု အလှပြယာဉ်များ ပါဝင်ပြသသွားမည်ဖြစ်ရာ အားလုံးက ဝိုင်းဝန်း ကူညီဆောင် ရွက်ကြရန်လိုကြောင်း၊ သို့ဖြစ်ပါ၍ ဆပ်ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအလိုက် ကျေပွန်စွာ ထမ်းဆောင်ကြရေး၊  ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရေးနှင့် ခန့်ခန့်ညားညာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဆပ်ကော်မတီအသီးသီးမှ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအလိုက် ကြိုတင်ပြင် ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လိုအပ်ချက်များ၊ ဖြည့်စွက်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် စိန်ရတုပြည်ထောင် စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်၍ ဆုချီးမြှင့်ပေးရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှု များအပေါ် ဆပ်ကော်မတီအဖွဲ့ဝင်အလိုက် လိုအပ်ချက်များအပေါ် ဖြည့်စွက်၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ ပြည်နယ်အစိုးရအဖွဲ့၏ ဧည့်ရိပ်သာ အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် ရိပ်သာအတွင်း အိပ်ခန်းများ၊ စားသောက်ခန်း၊ ဧည့်ခန်းမ၊ အစည်းအဝေးခန်းမများဖြင့် ဖွဲ့စည်းတည်ဆောက်ထားရှိမှုတို့ကို လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်ရန်ကိစ္စရပ်များနှင့် ဖြည့်ဆည်းဆောင်ရွက် သွားရမည့်ကိစ္စရပ်များ အပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment