Wednesday, January 19, 2022

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (Bakery and Snack) အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

အုတ်တွင်း ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ () လ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တန်ဖိုးမြင့် ကိတ်မုန့်ပြုလုပ်နည်းအမျိုးမျိုး (Bakery and Snack) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က နတ်စဉ်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက အဖွင့်အမှာစကား ပြောကြား ပြီး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းက သင်တန်းဖွင့်လှစ်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြများက သင်ကြားမည့် အစီအစဉ်များအား ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်းသို့ နတ်စဉ်ကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကွမ်းသီးခြံနှင့် သရက်ကုန်းကျေးရွာများမှ သင်တန်းသား/ သင်တန်းသူ (၂၀) ဦးအား စာတွေ့၊ လက်တွေ့ သင်ကြားခြင်းနှင့် သင်တန်းကာလကို () ရက်ကြာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သင်ကြားပို့ချသွားမည် ဖြစ်ပါကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)

No comments:

Post a Comment