Saturday, January 22, 2022

စိုက်ပျိုးရေးသွင်းအားစု ဓါတ်မြေဩဇာများ ဖြန့်ဖြူးပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များဆွေးနွေး

 


နေပြည်တော်၊ ဇန်နဝါရီ ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဇန်နဝါရီ (၂၁)ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ (၉)မိုင်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၉) အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံမျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ စိုက်ပျိုးရေးသွင်းအားစုဆိုင်ရာကုမ္ပဏီများ လုပ်ငန်းရှင် များနှင့် တွေ့ဆုံ၍ တောင်သူများအတွက် သက်သာသည့်နှုန်းထားဖြင့် စိုက်ပျိုးရေးသွင်းအားစု ဓါတ်မြေဩ ဇာများ  ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံကို စက်မှုဖွံ့ဖြိုးသောနိုင်ငံ ဖြစ်စေရေး ကြိုးပမ်းအားထုတ်ရာ တွင် အခြေခံရှိပြီးသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ခေတ်မီနည်းပညာများ အသုံးပြုပြီး လုပ်ငန်းကွင်းဆက် တလျှောက်လုံး တပြိုင်တည်း တိုးတက်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် သွင်းအားစုတစ်ခုဖြစ်သော ဓါတ်မြေဩဇာများ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ပြည်တွင်း ပြည်ပဈေးနှုန်းများနှင့် လိုက်လျောညီထွေပြီး သက်သာသောနှုန်းထား ဖြစ်စေရေးကို အစိုးရနှင့်ပုဂ္ဂလိက လက်တွဲပြီး ဟန်ချက်ညီ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အစိုး ရအနေဖြင့် လိုအပ်သော ကူညီမှုများကို တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ ပုဂ္ဂလိကများ အသင်းအဖွဲ့များအနေဖြင့် ကျရာအခန်း ကဏ္ဍက ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း၊ ဒေသအလိုက် မြေဆီအရည် အသွေးများကို စနစ်တကျ စစ်ဆေးဖော်ထုတ်ပြီး မြေဆီလွှာဖွံ့ဖြိုးရေးဆောင်ရွက်ရန်၊ သီးနှံနှင့် ဒေသရေမြေ လိုအပ်ချက်များနှင့် ညီညွတ်မျှတသော သွင်းအားစုအသုံးပြုမှုဖြစ်စေရန် တောင်သူပညာပေး လုပ်ငန်းများအပြင် လက်လီလက္ကား ရောင်းချသူများအတွက် အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိရာ ပုဂ္ဂလိကအခန်းကဏ္ဍက ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တောင်သူများအနေဖြင့် ကွန်ပေါင်း ဓါတ်မြေဩဇာအပေါ် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိရာ ပြည်တွင်းကွန်ပေါင်းထုတ်လုပ်မှု တိုးတက်ရေးနှင့် ရင်းနှီးမြုပ်နှံမှု တိုးမြှင့်နိုင်ရေးအတွက် ကွန်ပေါင်းစက်ရုံများ၏ လိုအပ်ချက်များ ရှိပါကလည်း အချိန်နှင့် တပြေးညီ ကူညီပေးသွားမည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ၏ ရေရှည်အကျိုးကို မျှော်မှန်းပြီး အစိုးရနှင့် ပုဂ္ဂလိကတို့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထိုနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသူများက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment