Monday, January 17, 2022

လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်း ရန်ကုန်မြို့တော်ဝန်နှင့် စီးပွားရေးရာဝန်ကြီး ကြည့်ရှုစစ်ဆေး


ရန်ကုန် ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် စီးပွားရေးရာ ဝန်ကြီး ဦးအောင်သန်းဦးတို့သည် ယနေ့ နံနက် ၇ နာရီခွဲတွင် မှော်ဘီမြို့နယ် ဆန်စပါးသုတေသနဌာန မြေနေရာဝင်းအတွင်း ဆောင်ရွက်နေသော လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်းသို့ရောက်ရှိပြီး ယခုကာလသည် နွေစပါးအတွက် ရေခေါ်မြောင်း၊ ရေသွင်းမြောင်းများ Upgrade လုပ်နေရသည့် အချိန်ဖြစ်၍ ဧက ၁၀၀ အတွက် အကျိုးပြုနိုင်သည့်အပြင် ရန်ကုန်မြို့အတွက် လိုအပ်သည့် သောက်သုံးရေ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်းနှင့် မှော်ဘီမြို့အား ဖြတ်သန်းဆောင်ရွက်ရခြင်းဖြစ်၍ ပြန်လည်ပြုပြင် ဆောင်ရွက်မှုများကို မူလကထက် ပိုမိုကောင်းမွန်ရန် လုပ်ဆောင်ပေးရမည်ဖြစ် ကြောင်းမှာကြားပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေသားအကြို အနည်ထိုင်ကန် တည်ဆောက်ပြီးစီးမှု၊ ရေဝင် မြောင်း တူးဖော်နေမှု၊  ရေတွန်းစက်ရုံ Basement Wall သံချည်သံကွေး လုပ်ငန်းနှင့် ရေဂိတ်တံခါး Base Slab Lean Concrete လောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရေသန့်စင်ရန် Chemical Dosing Facilities တည်ဆောက်နေမှု၊ ရေတွန်းစက်ရုံ ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ် ဆေးသည်။

ယင်းနောက် မြို့ချောင်းလမ်းနှင့် ရေပေးမြောင်းဆုံရာ ကားလမ်းကူးတံတားနှင့် Pipe Syphon တည်ဆောက်ထားမှု မြို့ချောင်းရွာအနီး ရေပေးမြောင်းတွင် Trifurcation, Bifurcation နှင့် မြောင်းခွဲ အဆောက်အအုံ ဆောင်ရွက်နေမှုနှင့် ၎င်းမှ မြို့ချောင်းရွာ လှိုင်မြစ်ကမ်းဘေးရှိ ကန်ကလေး ရေတင်စခန်း ရေပို့လွှတ်မည့်နေရာတွင် အချင်း ၃၀ လက်မ MS မြစ်ရေတင်ပိုက်လိုင်း ခြောက်လိုင်း သွယ်တန်းထားမှု၊ ပန့်နှင့် မော်တာများ တပ်ဆင်အသုံးပြုနိုင်ရန် Pontoon သုံးခု တည်ဆောက်ထားမှုနှင့် 33/3.3KV, 2.5MVA ကန်ကလေး လျှပ်စစ် မြစ်ရေတင်ဓာတ်အားခွဲရုံ တည်ဆောက်နေမှုတို့အား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် မင်္ဂလာကန်သို့ သွားရောက်၍ မင်္ဂလာကန် ရေပိုလွှဲ Spill Way နှင့် ရေထုတ်မြောင်းအနီး အလျား ပေ ၁၂၀၊ အနံပေ ၅၀၊ ရေစုကန် တူးဖော်ပြီးစီးမှု၊ ခရေပင်လမ်း မျက်နှာစာ ကန်ပေါင်ပေါ်တွင် လူသွားစင်္ကြံစက်ဘီးလမ်း ပြုလုပ်ရန် အရှည် ပေ ၁၂၀၀၊ အကျယ် ပေ ၂၀၊ မြေညှိပြုပြင်ပြီးစီးမှု၊  သစ်တောဦးစီးဌာန၊ မင်္ဂလာဒုံ  ပျိုးဥယျာဉ်ဘက်အခြမ်း Aquamarine & Amphibious Excavator ယာဉ်များဖြင့် ဗေဒါ၊ ဒိုက်၊ ရေမှော်၊ ကိုင်းတောများ ရှင်းလင်း  နေမှု၊ ကန်ပတ်လည် မြက်ပင်၊ ချုံနွယ်များ ရှင်းလင်းပြီးစီးမှုနှင့် အရိပ်ရအပင်များ၏ အုပ်မိုးကိုင်းများ ရှင်းလင်း အလင်းဖွင့်ထားမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

သတင်းစဉ်

No comments:

Post a Comment