Friday, November 26, 2021

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အကြမ်းဖက်သမားများက ၎င်းတို့နှင့် ခံယူချက်ခြင်းမတူတော့ဘဲ အကြမ်းဖက်အဖွဲ့များနှင့် လမ်းခွဲခဲ့သည့် မြို့နယ်အချို့ရှိ NLD ပါတီဝင်များနှင့် ငွေကြေးထောက်ပံ့ပေးနေသူများအား လုပ်ကြံသတ်ဖြတ်

 

နေပြည်တော် နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အကြမ်းဖက်သမားများက ၎င်းတို့နှင့် ခံယူချက်ခြင်း မတူတော့ဘဲ အကြမ်းဖက်အဖွဲ့များနှင့် လမ်းခွဲခဲ့သည့် မြို့နယ်အချို့ရှိ NLD ပါတီဝင်များနှင့် ငွေကြေးထောက်ပံ့ပေးနေ သူများအား နိုဝင်ဘာလ ၂၃ ရက်နေ့က လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ သာယာအေးကျေးရွာနေ NLD ပါတီဝန်းရံသူဖြစ်သော ဦးမြင့်ဝင်း(၅၈)နှစ် (ဘ) ဦးသာအေးသည် မိသားစုနှင့်အတူ ၎င်း၏နေအိမ်၌ရှိနေစဉ် အင်ဘုတ်ကျေးရွာနေ ထွန်းတောက်ဇေယျ (၂၂)နှစ် (ဘ) ဦးလှညိုနှင့် မျိုးဦး (၃၆)နှစ် (ဘ)ဦးမင်းဝေ တို့ ဦးဆောင်သည့် PDF လက်နက်ကိုင် အကြမ်းဖက်သမား(စိစစ်ဆဲ)တို့က နေအိမ်အတွင်း ဝင်ရောက်ကာ တူမီးသေနတ်များဖြင့် ပစ်ခတ်ကာ ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်ခဲ့မှုကြောင့် ဦးမြင့်ဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်နန်းအေး (၅၇)နှစ် (ဘ) ဦးတင်အောင်၊ သမီးများဖြစ်ကြသော မယဉ်နွယ်ခိုင် (၃၄)နှစ် (ကိုယ်ဝန်ဆောင်)၊ မလဲ့လဲ့ခိုင်(၂၆)နှစ်နှင့် မခင်ထားနွယ် (၂၅)နှစ်တို့ ၅ ဦးမှာ တူမီးကျည်ထိမှန်ဒဏ်ရာများ၊ ထိုးသွင်း၊ ပြတ်ရှဒဏ်ရာများဖြင့် နေအိမ်အတွင်း သေဆုံးခဲ့ကြောင်း သိရသည်။ 

အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင် ခင်ဦးမြို့နယ်၊ ရှားလွင်ကျေးရွာနေ NLD ပါတီဝန်းရံသူ ဦးကျော်ထိန်လင်း (၄၀)နှစ် (ဘ)ဦးဝယ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်သမား ၂၅ ဦးခန့် ၎င်း၏နေအိမ်သို့ ရောက်ရှိလာကာ တူမီးသေနတ် များဖြင့် ပစ်ခတ်ပြီး ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်ခဲ့သဖြင့် ၎င်း၏နေအိမ်ပေါ်၌ ထိခိုက်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အတူ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် ခင်ဦးမြို့နယ်၊ အုန်းပင်ကုန်း ကျေးရွာနေ NLD ပါတီဝင် ဦးချစ်ဦး(၄၀)နှစ် (ဖ)ဦးကျော်မြိုင်အား ကျေးရွာ၏မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ တောအတွင်း၌ PDF အကြမ်းဖက်သမားများက သတ်ဖြတ်ကာအလောင်းအား မီးရှို့ခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၈ နာရီအချိန်တွင် ခင်ဦးမြို့နယ်၊ ငါးတင်းကြီး ကျေးရွာနေ NLD ပါတီဝင် ဇော်မင်းထွန်း(ခ)ဂြိုလ်ကောင်(၂၇)နှစ် (ဘ)ဦးဆန်းမောင်အား PDF အကြမ်းဖက်သမားများက ၎င်း၏နေအိမ်၌ သတ်ဖြတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ သေဆုံးခဲ့သူများသည် NLD ပါတီဝင်များ၊ ဝန်းရံထောက်ခံသူများ ဖြစ်သည့်အပြင် PDF အကြမ်းဖက်အဖွဲ့ဝင်များ၊ အဆိုပါအကြမ်းဖက်သမားများအား ငွေကြေး ထောက်ပံ့ပေးနေသူများ ဖြစ်ကြပြီး ၎င်းတို့အချင်းချင်း ငွေကြေး မထောက်ပံ့တော့သည့် ကိစ္စများ၊ နိုင်ငံရေးခံယူချက်များ ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သဖြင့် PDF အကြမ်းဖက်အဖွဲ့များနှင့် လမ်းခွဲကာ ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်လာရောက်နေထိုင်သည့်အချိန်၌ PDF အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ 

ရဲပြန်ကြား

No comments:

Post a Comment