နေပြည်တော် နိုဝင်ဘာ ၂၅
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၁) ပထမနေ့ကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်၌ ကျင်းပရာ ဗဟိုကောင်စီဝင် (၆၂)ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ (၂၁)ဖွဲ့တို့မှ အဖွဲ့ဝင်များနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ သဘာပတိ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မြဝင်း (အငြိမ်းစား)နှင့် သဘာပတိအဖွဲ့ဝင်များဖြစ်ကြသည့် ဗဟိုအမှုဆောင်အဖွဲ့ဝင် တွဲဖက်အတွင်းရေးမှူး(၂) ဗိုလ်မှူးချုပ်ကျော်ဇံမြင့် (အငြိမ်းစား)နှင့် ဧရာဝတီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး နေဝင်း (အငြိမ်းစား)တို့က သတ်မှတ်နေရာများတွင် နေရာယူကြသည်။
ထို့နောက် သဘာပတိ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မြဝင်း (အငြိမ်းစား)က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုကောင်စီ၏ အစီရင်ခံစာနှင့် ဗဟိုအမှုဆောင်အဖွဲ့၏ စာတမ်းကို ဗဟိုအမှုဆောင်အဖွဲ့ဝင် တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ်မြင့်ဟိန်း(အငြိမ်းစား)က ဖတ်ကြားတင်သွင်းသည်။
ဆက်လက်၍ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဝင်များ ရွေးကောက်တင်မြှောက်ခြင်း၊ ဗဟိုကောင်စီဝင်များ၏ အမည်စာရင်းအား ကြေညာခြင်း၊ ကတိသစ္စာပြုခြင်းများ ဆောင်ရွက်ကြပြီး အစည်းအဝေးကို ခေတ္တ ရပ်နားသည်။
ယင်းနောက် ညီလာခံခေတ္တရပ်နားစဉ် ဗဟိုကောင်စီအစည်းအဝေးနှင့် ဗဟိုအမှုဆောင် အစည်းအဝေးများကို မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရှိ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပကြသည်။
ထို့နောက် ညီလာခံဒုတိယပိုင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၏ အမည်စာရင်းကြေညာခြင်း၊ ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၏ ရာထူး/တာဝန်များ ကြေညာခြင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ နာယကအဖွဲ့များ ရွေးချယ်ခြင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ နာယကအဖွဲ့များ ရွေးချယ်ခြင်းများ ဆောင်ရွက်ကြပြီး ညီလာခံ ပထမနေ့ အစီအစဉ်များအား ရပ်နားသည်။
ညီလာခံ(၂၀၂၁)ပထမနေ့တွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဥပဒေ (၁၉၈၉)၏ အခန်း(၄)၊ အပိုဒ်(၁၃)အရ ဗဟိုကောင်စီဝင်(၇၆)ဦးကို လည်းကောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများ အပိုဒ်၊ ၄၈ နှင့် စည်းရုံးရေးညွှန်ကြားလွှာ အခန်း(၄)၊ အပိုဒ် ၇၉(ခ)အရ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင် (၃၄)ဦးကို လည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment