နေပြည်တော်၊ နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ “မြန်မာ့ရှေ့ဆောင်” ဘဏ်မှ ငွေကျပ်သိန်း ၁၀၉၂ သိန်းအား အမျိုးသား ၂ ဦးက နိုဝင်ဘာလ ၂၆ ရက်နေ့တွင် သေနတ်ပြခြိမ်းခြောက်ကာ လုယက်ခဲ့မှုဖြစ် စဉ်ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယနေ့ နေ့လယ် ၁ နာရီ ၂၅ မိနစ်ခန့်တွင်
ရမည်းသင်းမြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ လမ်းမတော် လမ်းရှိ “မြန်မာ့ရှေ့ဆောင်”ဘဏ်သို့
အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဘဏ်ရှေ့ရှိ လုံခြုံရေးဝန်ထမ်း
၂ ဦးအနက် တစ်ဦးအား သေနတ်အတို (စိစစ်ဆဲ)ဖြင့် ထောက်ကာဓားစာခံအဖြစ် ဘဏ်အတွင်း သို့ ခြိမ်းခြောက်ခေါ်ဆောင်သွားပြီး
ကျန်အမျိုးသားတစ်ဦးက ဓားကိုင်ကာ ဘဏ်အတွင်းသို့ အနောက်မှလိုက် ပါဝင်ရောက်လာပြီး ၎င်းလက်အတွင်းမှ
အသင့်ယူဆောင်လာသည့် ဆာလာအိတ်တစ် လုံးအား ဘဏ်ဝန်ထမ်း အမျိုးသမီး တစ်ဦးထံပေးပြီး ငွေများအား
ထည့်ခိုင်းသဖြင့် ဘဏ်ဝန်ထမ်းအမျိုးသမီးမှ ဘဏ်ကောင်တာအတွင်း ထားရှိသည့် ငွေကျပ်သိန်း
၁၀၉၂ သိန်းအား ဆာလာအိတ်အတွင်း ထည့်ပေးခဲ့သည်။
ထို့နောက် အဆိုပါအမျိုးသား ၂ ဦးသည် ငွေများထည့်ထားသည့်
ဆာလာအိတ်အား ယူဆောင်ကာ ဘဏ်အတွင်းမှ ထွက်လာပြီး ဆိုင်ကယ်ဖြင့် ပျော်ဘွယ်မြို့ဘက်သို့
ထွက်ခွာသွားခဲ့သည်။
ဖြစ်စဉ်တွင် မြန်မာ့ရှေ့ဆောင်ဘဏ်မှ ငွေကျပ်သိန်း
၁၀၉၂ သိန်းအား လုယက်ယူဆောင် သွားသည့် အမျိုးသား ၂ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး
လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment