မြစ်ကြီးနား နို၀င်ဘာ ၂၂
ကချင်ပြည်နယ် ၀န်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့၀င် ပြည်နယ်၀န်ကြီးများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုးဦစီးဌာန ပြည်နယ်ဦးစီးမှူး၊ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် အတူ ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီကယ်ဆေးရေး စခန်းများမှ အိမ်ထောင်စု (၁၆)စုအား ပလန ကျေးရွာအုပ်စု ၊ ငွေပျော်စံပြကျေးရွာအတွင်း အသစ် ဆောက်လုပ်ပြီးစီးခဲ့သည့် တန်ဘိုးနည်း အိမ်ရာများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်၀န်ကြီးချုပ်က IDPs စခန်းများရှိ ပြည်သူများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် မိမိတို့ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များအား အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ IDPsစခန်းများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးနိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး ၊ လူနေမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အသက်မွေး၀မ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ပေးနိုင်ရေးအတွက် မဟာဗျူ ဟာများ ချမှတ်ကာဆောင်ရွက်လျက် ရှိကြောင်း အားပေးစကားပြောကြားသည်။
ထို့နောက် ပြည်နယ်၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့၀င် ပြည်နယ်ဝန်ကြီးများက အသစ်ပြောင်းရွေ့လာသည့် အိမ်ထောင်စု (၁၆)စုနှင့် မြစ်ကြီးနားမြို့ရှိ ယာယီကယ်ဆယ်ရေး စခန်းများအတွက် ဆန် ၊ဆီ၊ ပဲ၊ ဆား၊ Family Kit ၊ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ တာပေါ်လင်မိုးကာ၊တစ်ကိုယ်ရေ ကျန်းမာရေး သုံးပစ္စည်းများ၊ နှာခေါင်းစည်း Maskများနှင့် လက်သန့်ဆေးရည်များအား အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြရာ ပြောင်းရွေ့လာသည့် အိမ်ထောင်စုများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။
အဲ့ဒီနောက် ပြည်နယ်၀န်ကြီးချုပ်နှင့် အဖွဲ့၀င်များသည် အသစ်ဆောက်လုပ်ပြီးစီးသည့် တန်ဖိုးနည်း အိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။ ယင်းနောက် ငွေပျော်စံပြကျေးရွာအတွင်း အဆောက်အဦး ဆောက်လုပ်ထားခြင်းမရှိသည့် မြေနေရာ ၊ စာသင်ကျောင်းနှင့် ကျေးရွာအတွင်း လစ်လပ်မြေနေရာ များအား IDPsစခန်းများအတွက် ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် ကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သတင်းရရှိသည်။
ပြည်နယ် ပြန်/ဆက်
No comments:
Post a Comment