Monday, November 22, 2021

ဆိုရှယ်မီဒီယာပေါ်မှ ဝါဒဖြန့်ကောလာဟလ သတင်းတုပဿနာ

 မေယု - (မျိုးအောင်) MANA

မျက်မှောက်ကာလ၏ သတင်းအချက်အလက် ဖွံ့ဖြိုးမှုများမှာ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သည်။ ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပျက်နေသော သတင်းအချက်အလက်များကို မိမိတို့နေအိမ်မှ မိနစ်ပိုင်းအတွင်း သိမြင်နေ ကြရသည်။ သတင်း အချက်အလက်စီးဆင်းမှု မြန်ဆန်လာသည်နှင့်အမျှ ဆက်သွယ်ရေးနည်း ပညာများကို စီးပွားရေး၊ လူမှု အရေးကဏ္ဍအသီးသီး၌ တွင်ကျယ်စွာအသုံးချနိုင်မှု ကြောင့် အီလက်ထရွန်နစ် ကူးသန်း ရောင်းဝယ်ရေး “လုပ်ငန်းများ ထွန်းကားလာသည်။ သတင်းအချက် အလက်နည်းပညာသည် ဂလိုဘယ်လိုက် ဇေးရှင်းခေတ်ဖြစ်လာသည်။ ဒစ်ဂျစ်တယ်မီဒီယာပလက် -ဖောင်းများ ဖွံ့ဖြိုးလာသဖြင့် ပုံနှိပ်သတင်းများ တဖြည်းဖြည်းမှေးမှိန်လာရသည်။ ဆိုရှယ်မီဒီယာ ဆက်သွယ်ရေး ကြားခံကိရိယာများသည် လူ့ အသိုင်းအဝိုင်းတွင် မရှိမဖြစ်အသုံးအဆောင်ပစ္စည်း -တစ်ခုအဖြစ် အရေးပါလာသည်။ ကိုဗစ်ကပ်ရောဂါ -ကာလအတွင်း တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးနေထိုင် ကြရသည့်ဖြစ်စဉ်တို့ကြောင့် e-Commerce နည်းပညာက ကမ္ဘာကြီးတစ်ခု လုံးကို ပေါင်းစည်း ပေးလိုက်ခြင်းဖြစ်သည်။


ဖေ့စ်ဘွတ်၏သက်တမ်းမှာ ၁၇ နှစ်ကျော်

၂၀၀၄ ခုနှစ်တွင် ကမ္ဘာသုံးအွန်လိုင်းမီဒီယာ -ပလက်ဖောင်းတစ်ခုအဖြစ် စတင်ခဲ့သော  ဖေ့စ်ဘွတ် -၏သက်တမ်းမှာ ၁၇ နှစ်ကျော်ခဲ့ပြီဖြစ်၍ အချိန်ယူ ခဲ့ပြီးသည့် ကုမ္ပဏီတစ်ခုဟုဆိုနိုင်သည်။ နည်းပညာ အခြေပြု ကုမ္ပဏီတစ်ခုပီပီ သက်တမ်းနုနယ်သော်ငြားအောင်မြင်မှုက ကြီးမားသည်။ ကမ္ဘာတွင် လူသိအများဆုံး၊ တန်ဖိုးအမြင့်ဆုံး အမှတ်တံဆိပ် များတွင် ထိပ်ကနေရာယူထားနိုင်သည်။ သုံးစွဲသူ ပုဂ္ဂလိက တစ်ယောက်ချင်း၊ ကိုယ်စားပြုတစ်ဖွဲ့ချင်း ၏အမှတ်အသား သရုပ်လက္ခဏာ (Identity) များ ကို ဖော်ပြလျှင် ဖော်ပြသလောက် မြင်ခွင့်သိခွင့်ရကြ သကဲ့သို့ ထိုအချက်အလက်များကို လိုက်ကြည့်ရင်း ထိုးနှက်ချက်အမျိုးမျိုးကို လုပ်ဆောင်နိုင် သော သဘောသဘာဝရှိသည့်အတွက် ယခုဆယ်စုနှစ် အတွင်း ဖေ့စ်ဘွတ်ကို အခြေပြုလျက် ပေါ်ပေါက်ခဲ့ သည့်ပြဿနာမှာ ထုထည်ကြီးမားသည်။

လူငယ်များ တက်တက်ကြွကြွလုပ်ကိုင်ပါမှ တိုင်းပြည်ကြီးသည် တိုးတက်မှုများနှင့် ရုပ်လုံး ကြွနေမည်ဖြစ်သည်။ တိုင်းပြည်၏အနာဂတ်ပိုင်ရှင် လေးများ ကောင်းမွန်စွာကြီးပြင်းလာရန်အတွက် လူသားတိုင်းတွင် တာဝန်ရှိသည်။ လူငယ်ဆိုသည့် အတိုင်း အရာရာတွင်တက်တက်ကြွကြွရှိနေဖို့လည်း လိုအပ်သည်။ လက်ကိုင်ဖုန်းသည် ဆက်သွယ်အသုံး ပြုရာတွင် လွယ်ကူပြီး အခြားသောဖေ့စ်ဘွတ်၊ မက်ဆင်ဂျာ၊ ဗိုက်ဘာ စသည်များဖြင့် စာပို့စာပြန် လုပ်ရန် အကောင်းဆုံးသော လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ သတင်းအချက်အလက်များနှင့် စာပေ များကို ရှာဖွေလေ့လာဆည်းပူးရာတွင်လည်း လွယ်ကူလွန်းသည်။ ဗီဒီယို၊ တေးသီချင်း၊ ဂိမ်း စသည်တို့ ကြည့်ရှုရာတွင်လည်း အခက်အခဲမရှိ လွယ်ကူသည်။ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကောင်းသောအချက်များ ရှိသကဲ့သို့ မကောင်းသော အချက်များလည်း အများအပြားရှိသည်။

ဖေ့စ်ဘွတ်အမှုဆောင်အရာရှိချုပ် (စီအီးအို) မာ့ခ်ဇူကာဘတ်သည် ၂၀၂၁ ခုနှစ် အောက်တိုဘာ လ ၂၈ ရက်နေ့က ဖေ့စ်ဘွတ်ကုမ္ပဏီနာမည်ကို Meta ဟုပြောင်းလိုက်ကြောင်းကြေညာလိုက်သည်။ မိမိတို့တည်ဆောက်မည့် အနာဂတ်ကို ပုံရိပ်ထင်စေ မည်ဖြစ်ကြောင်း၊ အခုတော့ မိမိတို့၏ကုမ္ပဏီသည် Meta ဖြစ်သွားပြီဟု ဂုဏ်ယူစွာဖြင့် မျှဝေလိုက် ကြောင်း ဇူကာဘတ်ကပြောသည်။ Meta ၏ဦးတည် ရာပန်းတိုင်သည် Metaverse ကို လူမှုဘဝထဲ ဆောင်ကြဉ်းလာရန်နှင့် ပြည်သူများကို တစ်ဦးနှင့် တစ်ဦး ဆက်သွယ်မှုများလုပ်ဆောင်နိုင်ရန်၊ လူမှု အသိုက်အဝန်းများအလိုက် တူရာအုပ်စုများကို ရှာဖွေ နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုကြီးထွားလာစေ ရန်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

 သုံးဖက်မြင် သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာကမ္ဘာကြီးဆီသို့

Metaverseကို ယနေ့အွန်လိုင်းလူမှုရေး အတွေ့ အကြုံများ ပေါင်းစပ်ထားသကဲ့သို့ခံစားအသုံးပြုနိုင် မည်ဖြစ်ပြီး တစ်ခါတစ်ရံတွင် သုံးဖက်မြင် သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာကမ္ဘာကြီးဆီသို့ ရောက်သွားသလို  ခံစားအသုံးပြုနိုင်ရန် ထပ်မံတိုးချဲ့ထားကြောင်း သိရသည်။ မိမိတို့အနေဖြင့် တစ်ဦးနှင့်တစ်ဦး အတူတကွ မရှိချိန်တွင် များပြားလှသော အတွေ့အကြုံများကို ဝေမျှနိုင်မည်ဖြစ်သည်။ ထို့အပြင် လက်တွေ့ဘဝတွင် လုပ်နိုင်ရန်မသေချာသည့် ကိစ္စရပ်များ ကိုလည်း အတူ တကွလုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ လူမှုရေးဆိုင်ရာ နည်းပညာတိုးတက်ပြောင်းလဲမှု ဖြစ်ကြောင်းနှင့် ကုမ္ပဏီအနေဖြင့် သမိုင်းတစ်ခေတ် ဆန်းသစ်လိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

Wall Street က အစီရင်ခံသော ဖေ့စ်ဘွတ်၏ အတွင်းရေးအချက်အလက်များအရ မက္ကဆီကန် မူးယစ် အဖွဲ့ကြီးများ ၏ လှုပ်ရှားမှုများအပေါ် ပိတ်ဆို့ တားဆီးမှု မပြုနိုင်ခြင်း၊ အရှေ့အလယ်ပိုင်းရှိ လူကုန်ကူးမှုများ၏ နှီးနှောဖလှယ်ရာအဖြစ် ရောက်ရှိ ခြင်းနှင့် အီသီယိုးပီးယားရှိ လူမျိုးစုပုန်ကန်ထကြွ မှုများ ကြီးထွားလာစေခြင်း တို့မှာ မြင်သာထင်သာ ပြဿနာများဖြစ်သည်။ အင်တာနက်ဆိုသည်မှာ ဖေ့စ်ဘွတ်ဟုသာ လှေနံဓားထစ်မှတ် ယူကြသော ဉာဏ်ခံအသိရှိကြသည်။ ဖေ့စ်ဘွတ်နှင့်ပတ်သက်၍  တစ်ကမ္ဘာလုံး၌ စီစီညံညံပြဿနာပေါ်နေ သည်မှာ ဤတစ်ကြိမ်က ပထမဦးဆုံးအကြိမ် မဟုတ်ပေ။  သက်သေအထောက်အထား မပြနိုင်သော စွပ်စွဲချက် များဖြင့် သီရိလင်္ကာ၌ မွတ်စလင်ဆန့်ကျင်ရေးအုံကြွ မှုတို့မှာ ထိုဖေ့စ်ဘွတ်ပလက် ဖောင်းကို သုံးစွဲပြီး ဖေ့စ်မာနိုင်ငံသသည်ဟု များ အ ပြဿနာကို ပိုကြီးအောင်လုပ်ခဲ့ကြသည်ဟုဆိုသည်။ တစ်ဖန် ၂၀၁၈ ခုနှစ် ဘရာဇီးသမ္မတ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများတွင်လည်း Whats App ကို အသုံးပြုလျက် သတင်းတုဝါဒ ဖြန့်မှုများ အကြီး အကျယ်ပတ်သက်မှုရှိခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံသားတစ်ဦးသည် တစ်နေ့လျှင် ဖေ့စ်ဘွတ်ကို ၁၄၄ မိနစ်သုံးစွဲသည်ဟု စစ်တမ်းများ ကဆိုသည်။ နေ့စဉ် ၁၄၄ မိနစ် ဖေ့စ်ဘွတ်သုံးသည့် အတွက် မိမိဘဝဖွံ့ဖြိုးတိုးတက်မှု ထူးထူးခြားခြား ဖြစ်သလားဟုမိမိ ကိုယ်မိမိ မေးခွန်းထုတ်ကြည့်စေချင် သည်။ ၁၄၄ မိနစ်တွင် မိနစ် ၆၀ က အကျိုးမရှိဟု ဆိုလျှင် မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်သုံးစွဲသူ ၂၈ ဒသမ ၇ သန်းက နေ့စဉ် နာရီပေါင်း ၂၈ ဒသမ ၇ သန်း ကို ဖြုန်းပစ်လိုက်ခြင်းဖြစ်သည်။ နာရီ ၂၈ ဒသမ ၇ သန်း ၏ကာယ၊ ဉာဏစွမ်းအားသည် တိုင်းပြည်တိုးတက် မှုကို များစွာဖြစ်စေနိုင်သည်။ ဖေ့စ်ဘွတ်အကောင့် တစ်ခုမကရှိခြင်း သို့မဟုတ်ဖေ့စ်ဘွတ်အကောင့်အတု များကြောင့် မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်သုံးစွဲသည့် ရာခိုင်နှုန်းများနေခြင်းလည်း ဖြစ်နိုင်သည်။

ဖေ့စ်ဘွတ်အကောင့်အတုပေါင်း သန်း ၁၃ဝဝ

၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် မတ်လအထိ ကမ္ဘာ ပေါ်ရှိ ဖေ့စ်ဘွတ်အကောင့်အတုပေါင်း သန်း ၁၃ဝဝ ကို ဖြုတ်ချခဲ့ရသည်ဟု ဖေ့စ်ဘွတ်က ဆိုသည်။  မဖြုတ်ချနိုင်သည့် ဖေ့စ်ဘွတ်အကောင့်အတု များစွာ ရှိနေဦးမည်ကို ယုံကြည်သည်။ ဖေ့စ်ဘွတ်သုံးစွဲသူ အများစုသည် ညဘက်တွင် ဖေ့စ်ဘွတ်ပေါ်မှ အမုန်း စကားဆိုခြင်း၊ တိုက်ခိုက်ခြင်း၊ မမှန်သတင်းများကို တစ်ခုပြီးတစ်ခုကြည့်ခြင်းဖြင့်သာ အချိန်ကုန်လွန်ကြ သည်။ အချိန်ကုန်မှန်းမသိကုန်သွားသဖြင့် ညမိုးချုပ် မှ အိပ်ရာဝင်ရသည်။ ညက အိပ်ရေးပျက်သဖြင့် မနက်နောက်ကျမှ အိပ်ရာကနိုးသည်။ မနက်အိပ်ရာ နိုးသည်နှင့် ခုတင်ဘေးကဖုန်းကို ကောက်ကိုင်ပြီး ဖေ့စ်ဘွတ်ပွတ်ကြသည်။

 မျက်မှောက်ကာလတွင် လူသားများအားလုံး သည် နည်းပညာများဖွံ့ဖြိုးနေသော သတင်းအချက် အလက်ခေတ်တွင် နေထိုင်နေကြရသည်။ နည်းပညာ နယ်ပယ်တွင် ရင်းမြစ်မျိုးစုံမှလာသော သတင်း အချက်အလက်များကို ပုံစံအမျိုးမျိုးဖြင့် သိမ်းဆည်း နိုင်ပြီး သိုလှောင်နိုင်သည့်စွမ်းရည်များလည်း တိုးတက်လာသည်။ လူသားများအားလုံးသည် နေ့စဉ် နှင့်အမျှ သတင်းများနှင့် ရင်းနှီးကျွမ်းဝင်နေကြရပြီး  အရွယ်အစားအမျိုးမျိုးရှိသော မီဒီယာများ၊ စီးပွားရေး  ဆိုင်ရာကုမ္ပဏီများသည်လည်း မိမိတို့အဖွဲ့အစည်း အတွက် သတင်းအချက်အလက်များကို ရှာဖွေကြရ သည်။ ဒစ်ဂျစ်တယ်ရေစီးကြောင်းတွင် စီးမျောနေ သောသတင်းများမှာ နေ့စဉ်နှင့်အမျှ စုပြုံနေသဖြင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုနယ်ပယ်သည် လည်း ပို၍ကျယ်ပြန့်လာသည်။

ကမ္ဘာ့လူဦးရေ၏ ၃ ဒသမ ၉ ဘီလီယံ

နိုင်ငံတကာ ဆက်သွယ်ရေးလုပ်ငန်းသမဂ္ဂ၏ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာကကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ဖြစ်သော ၃ ဒသမ၉ ဘီလီယံသည် အင်တာနက်အွန်လိုင်း တွင်ရှိနေကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံရှိလူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အသုံး ပြုနေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လည်း အင်တာနက် သုံးစွဲမှု တဖြည်းဖြည်းတိုးလာနေကြောင်း၊ အင်တာ နက်ကိုအသုံးပြုရာ၌ လူအများစုမှာ မိုဘိုင်းဖုန်းများ မှတစ်ဆင့် အသုံးပြုလျက်ရှိကြောင်း ဖော်ပြထား သည်။ ဒစ်ဂျစ်တယ်ရေစီးမှ သတင်းများ၏ မှန်ကန် မှု၊ ခိုင်လုံမှု၊ သေချာမှုသတင်းအချက်အလက်များကို စီမံခန့်ခွဲမှုစသည့် ကိစ္စရပ်များမှာ လူသားတို့၏ နေ့စဉ်ဘ၀တွင် အရေးပါသည့်ကဏ္ဍဖြစ်လာသည်။

ဒစ်ဂျစ်တယ်ရေစီးကြောင်းမှ ရှာဖွေရရှိသော အချက်အလက်များအနက် အစိတ်အပိုင်းအနည်း ငယ်သာ စံနှုန်းပြည့်ဂျာနယ်လစ်ဇင်ကျင့်ဝတ်များ နှင့်ကိုက်ညီလေ့ရှိသော်လည်း အများစုမှာ အကျိုး စီးပွားဆိုင်ရာရေး သားမှု၊ ဘက်လိုက်ရေးသားမှု၊ ခိုင်လုံမတိကျမှု၊ အချက်အလက်များရောထွေးနေမှု  အချက်အလက်မှန်ကန် သည့်တိုင် မူလသတင်း ရင်းမြစ်နှင့် များစွာကွာခြားနေမှုတို့ဖြင့် ကြုံတွေ့ ရလေ့ရှိသည်။ မြန်မာနိုင်ငံသည် ဒစ်ဂျစ်တယ်ပလက် ဖောင်းအမျိုးမျိုးရှိသည့်အနက် မိုဘိုင်းဖုန်းဖြင့် ဖေ့စ်ဘွတ်သုံးစွဲမှုမှာ အများဆုံးဖြစ်သည်။ Digital 2015 Myanmar အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် လူဦးရေ ၅၄ သန်းရှိသည့်အနက် မိုဘိုင်းဖုန်းသုံးစွဲသူ အရေအတွက်မှာ ၅၆ သန်း ကျော်ဖြစ်ပြီး လူဦးရေစုစုပေါင်းရာခိုင်နှုန်းထက် ငါးရာခိုင်နှုန်း ကျော်လွန်အသုံးပြုလျက်ရှိသည်။ အင်တာနက်သုံးစွဲမှု ၂၁ သန်း၊ ဆိုရှယ်မီဒီယာသုံးစွဲမှု ၂၁သန်းနှင့်မိုဘိုင်းဖုန်းဖြင့် ဆိုရှယ်မီဒီယာသုံးစွဲမှုမှာ ၂၁ သန်းရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲမှုနှုန်းမှာ ၃၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

 ဖေ့စ်ဘွတ်က လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာဘာသာစကားဖြင့် ဖော်ပြသည့်အကြောင်း အရာများကို စစ်ဆေးနိုင်ရန် မြန်မာဝန်ထမ်း ၁၀၀ နီးပါးခန့်ထား၍ သုံးစွဲသူများ ဘေးကင်းလုံခြုံစွာ  အသုံးပြုနိုင်ရေးအတွက် ရှာဖွေစစ်ဆေးကာ ဖော်ထုတ်ရှင်းလင်းမှုများ လုပ်ဆောင်နေရသည်။ ယနေ့ကာလတွင် ဒစ်ဂျစ်တယ်ရေစီး ကြောင်းပေါ်မှ သတင်းအချက်အလက်အများအပြားသည် လူတစ်ဦး ချင်းစီ၏ ကိုယ်ကျိုးစီးပွားနှင့် နိုင်ငံရေးအရ၊ စီးပွား ရေးအရ၊ လူမှုရေးအရရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် လိုသည့်အဖွဲ့ အစည်းများအတွက် သည်းခြေကြိုက်  နေရာဖြစ်နေသည်။ သတင်းမှား၊ သတင်းအတု၊ ကောလာဟလနှင့် ဉာဏဆိုင်ရာ မူပိုင်ခွင့်များကို ချိုးဖောက်ကာ အဆိပ်ရှိသတင်းများကို ဖြန့်ဖြူးရာ နေရာဖြစ်လာသည်။ အဖိုးတန်သည့် အချက်  အလက်များ သိုမှီးရာနေရာ ဖြစ်သကဲ့သို့ အလိမ် အညာများ၊ မသေချာမရေရာမှုများနှင့် ပြည့်နှက်  နေသောသတင်းအချက်အလက်များ စွန့်ပစ်ရာ လည်းဖြစ်လာသည်။

ဆိုရှယ်မီဒီယာသည် နေ့စဉ်လူမှုဘဝတွင် ကြီးမားသည့်အစိတ်အပိုင်းတစ်ခုဖြစ်နေပြီး အဓိက အသုံးပြုသူများမှာ လူငယ်လူရွယ်များ ဖြစ်သည်။ လေ့လာဆန်းစစ်မှုများအရ အင်တာနက်သုံးစွဲသူ လူငယ်လူရွယ်နှင့် ကလေးသူငယ်များ၏ ၄၃ ရာခိုင် နှုန်းသည် အင်တာနက်အနိုင်ကျင့်မှုကို ခံရဖူး ကြောင်းနှင့် သုံးစွဲသူလေးဦး အနက် တစ်ဦးသည် အနည်းဆုံးတစ်ကြိမ်ထက်မနည်း အင်တာနက် အနိုင်ကျင့်မှုကို ခံခဲ့ရကြောင်းဆိုထားသည်။ လူငယ် လူရွယ်အချို့သည် အွန်လိုင်းကို သာမန်ထက် အချိန် များစွာရယူသုံးစွဲခြင်းသည် ဆိုက်ဘာခြိမ်းခြောက် မှုများ၊ အွန်လိုင်းမှတစ်ဆင့်အနိုင်ကျင့်မှုများအတွက် ရေခံမြေခံများဖြစ်ရာ လူငယ်လူရွယ်များအနေဖြင့် ဆိုက်ဘာလုံခြုံမှု ကို အလေးထားကြရမည်ဖြစ်သည်။

ဆိုက်ဘာလုံခြုံမှုသည် နိုင်ငံသားများ၏ နေ့စဉ်လူမှုဘဝတွင်သာမက တိုင်းပြည်၏ အကျိုး စီးပွားနှင့် တိုက်ရိုက်ဆက်စပ်နေသည့် ကဏ္ဍ တစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာအသုံးပြုမှု မြင့်မားလာသည်နှင့်အမျှ စမတ်ဖုန်းအသုံးပြု၍ဒစ်ဂျစ်တယ်အက်ပလီကေးရှင်း များနှင့် ဆိုရှယ်မီဒီယာအသုံးပြုသူ တစ်နေ့တခြား များပြားလာသည်။ အသုံးပြုသူများသည် နည်းပညာ နှင့်စပ်လျဉ်းသည့် ကျွမ်းကျင်မှုအား နည်းလေ့ရှိသည်။ မိမိတို့အသုံးပြုနေသော ကွန်ပျူတာနှင့် မိုဘိုင်းဖုန်း များ၏ အချက်အလက်များ မပေါက်ကြားစေရေး အတွက် ကြိုတင်ကာကွယ်ရာ၌ ဆိုက်ဘာလုံခြုံမှုကို အထူးသတိပြုကြရမည်ဖြစ်သည်။

ကောလာဟလကို လူတစ်ဦးမှတစ်ဦးသို့ ပျံ့နှံ့ သွားသော အတည်မပြုနိုင်သည့်အကြောင်းအရာ သို့မဟုတ် ရှင်းပြချက်တစ်ရပ်အဖြစ် ရှုမြင်ကြသည်။ လူမှုသိပ္ပံပညာရပ်တွင် ကောလာဟလဟူသည်တိကျ သော အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိသည့် စိတ်ကူးထည် တစ်ခုမျှသာဖြစ်သည်။ သီအိုရီအများစုက ကောလာ ဟလများတွင် မှန်မမှန်ကို လျင်မြန်စွာ သို့မဟုတ်  ဘယ်တော့မှ အတည်ပြု၍မရသော ဖော်ပြချက် တစ်မျိုးပါဝင်နေကြောင်း သိရသည်။ အရေးပါသော သင်္ကေတအမှတ်ပညာများကို အသုံးပြုကာ ထင်မြင် ချက်များကို ထိန်းချုပ်ခြင်း သို့မဟုတ်ပို၍ခိုင်မာစွာနှင့် တိကျမှု ပို၍နည်းပါးစွာပြောဆိုခြင်းမျှသာဖြစ်သည် ဟုဆိုသည်။ ဝါဒဖြန့်ချိရေး၌ အဖြစ်အပျက်အကြောင်း အရာများ၊ သတင်းအစီရင်ခံမှုများ၊ ကောလာဟလ များ၊ ဓာတ်ပုံများနှင့် အခြားလူမှုဆက်သွယ်ရေး ပုံသဏ္ဌာန်များကို အသုံးပြုသည်ဟုဆိုသည်။

ကောလာဟလများကို လူမှုမီဒီယာများက ပိုမို လျင်မြန်စွာနှင့် ပုံသဏ္ဌာန်မကျစွာ ဖြန့်ချိပေးသည်။ လူတစ်ဦး တစ်ယောက်အနေဖြင့် သတင်းတစ်ရပ် သို့မဟုတ် အမြင်တစ်ရပ်ကို မှန် မမှန်၊ ကောင်း မကောင်း သိရှိခြင်းမရှိဘဲ အွန်လိုင်း၌တွေ့ရှိ ရသည့် အခါ တစ်ဆင့်ဖြန့်ချိလိုက်တတ်ကြသည်။ ကောလာ ဟလများနှင့် သတင်းမှားများ ဖြန့်ချိခြင်းသည် ယခုကဲ့သို့ အင်တာနက်ခေတ်စားလာပြီး လူမှုမီဒီယာများ တွင်ကျယ်လာချိန်တွင် လူမှုမီဒီယာများ သည် ကောလာဟလများ အကြီးအကျယ်ထုတ်လုပ် ဖြန့်ချိရာနေရာလည်းဖြစ်လာသည်။ အွန်လိုင်းတွင် အီလက်ထရွန်နစ်နည်းအရ ကောလာဟလများကို ကိုင်တွယ်၊ ထိန်းချုပ်၊ ဖြန့်ချိ၊ စောင့်ကြည့်မှုများက နိုင်ငံရေးကစားကွက်များဖြစ်လာပြီး နိုင်ငံရေး အခင်းအကျင်းများကို ပြောင်းလဲစေနိုင်သည်။

 လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို တက်ကြွစွာ ကာကွယ်လာခဲ့သူအချို့ပင်လျှင် ဆိုးရွားသော သတင်းအချက် အလက်များ ယူကျု နှင့် ဖေ့စ်ဘွတ်တို့မှတစ်ဆင့် လျင်မြန်စွာ၊ ဝေးလံ စွာနှင့် ထိရောက်စွာပျံ့နှံ့နေမှုသည် ဒီမိုကရေစီ လုပ်ငန်းစဉ်များကို ပုံပျက်ရဲ့ စောင်းသွားစေနိုင်သည် ဟူသော စိုးရိမ်မှုများဖြစ်ပေါ်လာခဲ့သည်။ ကောလာ ဟလများသည် လူတစ်ဦးချင်း၏ဘဝနှင့် အနာဂတ် မှသည် လူ့အဖွဲ့အစည်းတစ်ရပ် သို့မဟုတ် နိုင်ငံ တစ်နိုင်ငံ၏ဖြစ်တည်မှုနှင့် အနာဂတ်အထိ အကြီး အကျယ် ထိခိုက်ပျက်စီးစေနိုင်လောက်အောင် အန္တရာယ်ကြီးမားသည်ကို အထူးသတိပြုရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။

No comments:

Post a Comment