Monday, November 22, 2021

မြို့နယ်အချို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 နေပြည်တော် နိုဝင်ဘာ ၂၁

 မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၃ နာရီ တွင် နောင်ချိုမြို့နယ် မန္တလေး လားရှိုးသွားကားလမ်း ဂုတ်တွင်း ( တံတား မိုင်တိုင်အမှတ် (၈၄) အနီး၌ အောင်သူ မောင်းနှင် လာသည့် ဆိုင်ကယ်ကို စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ကိုလည်းကောင်း။ အလားတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ( တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း  အဖွဲ့သည် နိုဝင်ဘာ ၂၀ ရက် ညနေ ၅ နာရီ မိနစ် ၄၀ တွင် မြစ်ကြီးနားမြို့နယ်ပလနကျေးရွာ နေ ဒ္ဒယော်ဆဲ(ခ)အားတီ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပျော်ဘွယ်မြို့ မြို့မရပ်ကွက် တပင်ရွှေထီးလမ်းနှင့် နဝဒေး လမ်းဆုံအနီး၌ မလဲ့လဲ့ဝင်းအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ကိုလည်းကောင်း။

ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁ နာရီ တွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည်ရမည်းသင်းမြို့နယ်ရန်ကုန်မန္တလေးသွားကားလမ်း မိုင်တိုင် (၂၄၈/၄) အနီးတွင် ကျော်သန်း အား ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၃၆၀၀ ကိုလည်းကောင်း။ အလားတူ ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင်မူးယစ်ဆေး ဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မင်္ဂလာတောင် ညွန့်မြို့နယ် ကန်တော်ကလေး (တောင်) ရပ်ကွက် သိမ်ဖြူလမ်းမကြီး တိုက်အမှတ်(၃၅၁/ဘီ)၊ (၄)လွှာ နေ အောင်သန်းဦး(ခ) ဟာဒစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်ရှေ့တွင် တွေ့ရှိသူ တင်အောင်(ခ) နိုးလ်တင်းထံမှ အိုက်စ်သုည ဒသမ ၀၀၉ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆၂၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၂ ကီလို၊ အိုက်စ် သုည ဒသမ ၁၀၅ ကီလိုကို လည်းကောင်း သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား

No comments:

Post a Comment