နေပြည်တော် နိုဝင်ဘာ ၂၈
၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်တားဆီး ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ ဒုတိယ ဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီဝင်များဖြစ်ကြသော နေပြည်တော်ကောင်စီဝင်နှင့် အမြဲတမ်းအတွင်းဝန်များ၊ ပညာရေး ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများက အွန်လိုင်း စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
ရှေးဦးစွာ ဥဩဘသောင် သီဆိုသော အမျိုးသားနေ့ သီချင်းဖြင့် ဂုဏ်ပြုတင်ဆက်သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ဖတ်ကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနက စီစဉ် ရိုက်ကူးသည့် မြန်မာ့ကျောင်းသီချင်းဗီဒီယိုကိုပြသကာ အခမ်းအနားကို ရုတ်သိမ်းလိုက် ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment