မော်လမြိုင် နိုဝင်ဘာ ၂၈
ယနေ့တွင်ကျရောက်သည့်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဝိုင်အမ်ဘီအေအသင်း (မော်လမြိုင်)၏သွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်အထွေထွေရောဂါကု ဆေးရုံကြီး သွေးလှူဘဏ်တွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး၊ ဆေးရုံအုပ်ကြီးနှင့်ဆေးရုံအုပ် များ၊ ရောဂါဗေဒဆရာဝန်ကြီးနှင့် ဆရာဝန်များ၊ သွေးလှူဘဏ်မှ ကျန်းမာရေးဝန်ထမ်းများ၊ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ဝိုင်အမ်ဘီအေအသင်းမှ အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်အား ပေးသည်။
သွေးလှူဒါန်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွေးလှူဒါန်းပေးသည့် စေတနာရှင် သံဃာတော်(၁၃)ပါးနှင့် လူပုဂ္ဂိုလ်(၇)ဦးတို့အား အာဟာရပြည့် အစားစာဖြစ်စေမည့် အားဆေးများ၊ ကြက်ဥ(၃၀၀)လုံး၊ အချိုရည်၊ သောက်ရေသန့်(၁၄၅)ကဒ်နှင့် အသုံးအဆောင်ပစ္စည်း မျက်နှာသုတ်ပါဝါတို့ကို ပြန်လည်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment