Thursday, November 25, 2021

အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် လမ်း၊ တံတားများ စုစုပေါင်း ၃၉၇ ခု ပျက်စီးဆုံးရှုံးခဲ့ရ

 



နေပြည်တော် နိုဝင်ဘာ ၂၄

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ဆည်းကပ်ရာ ရဟန်း သံဃာတော်များ၊ အနန္တဂိုဏ်းဝင် ဆရာ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ အေးချမ်းစွာနေထိုင်သော ပြည်သူများကို ရက်စက် ယုတ်မာစွာ အကြမ်းဖက် သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင် ကျောင်းများ၊ ဆေးရုံများ၊ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့်သက်ဆိုင်သော စီးပွားရေး အဆောက်အအုံများ၊ နေအိမ်အဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ ဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။












ကျောဖုံးမှ ထိုကဲ့သို့ လုပ်ဆောင်လျက်ရှိရာ CRPH NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ မိုင်းထောင် ဖောက်ခွဲမှုနှင့် မီးရှို့ ဖျက်ဆီးခြင်းများကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ နိုဝင်ဘာလ ၂၀ ရက်အထိ လမ်း၊ တံတားများစုစုပေါင်း ၃၉၇ ခုပျက်စီးဆုံးရှုံးခဲ့မှုများကို ဖော်ပြပါ အတိုင်း တွေ့ရှိရသည်။

အကြမ်းဖက်အဖွဲ့များ၏ ယခုကဲ့သို့ လမ်း၊ တံတားများ၊ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများအား မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများအပေါ် ပြည်သူလူထု တစ်ရပ်လုံး အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် အကြမ်းဖက် သမားများ၏ လှုပ်ရှားမှုသတင်းများရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment