Friday, November 26, 2021

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ကျင်းပ

 





ပုသိမ်    နိုဝင်ဘာ   ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကျရောက်မည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက် ရေး ၁၆ ရက်တာလှုပ်ရှားမှု ဖဲကြိုးဖြူနေ့ အထိမ်းအမှတ်အခမ်းအနားကို ပုသိမ်မြို့ ဧရာရွှေဝါခန်းမ တွင် ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်နှင့်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီးတို့ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အမှာစကား ပြောကြားပြီး၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၊ အတွင်းရေးမှူး၊ ဧရာဝတီတိုင်းဒေသ ကြီး လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်နော်သာဝါးမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင် ရွက်လျက်ရှိသော အမျိုးသမီးအကြမ်းဖက်မှု လျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်ထားရှိမှု များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။

 

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် တတိယဆုရရှိခဲ့သော ဟင်္သာတခရိုင်မှ ဦးဇော်လွင်ဦးအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုနှင့်လက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့သည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ စီးပွားရေးရာဝန်ကြီးနှင့်ဇနီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာ ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်ဇနီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဥပဒေချုပ်နှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး၏ဇနီးတို့နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် အမျိုးသမီးကော်မတီအဖွဲ့များ နှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

 

ပုသိမ်ခရိုင် ပြန်/ဆက်

 

No comments:

Post a Comment