Thursday, November 25, 2021

တပ်ကုန်းမြို့နယ်ရှိ ဆင်သေဆည် ရေဝေရေလဲဧရိယာ ကြည့်ရှုစစ်ဆေး

 

 

နေပြည်တော်    နိုဝင်ဘာ   ၂၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု နယ်မြေ (နေပြည်တော်) တပ်ကုန်းမြို့ နယ်ရှိ ဆင်သေဆည် ရေဝေရေလဲ ဧရိယာသို့ သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။

လူနေမှုဘဝအတွက် အရေးပါ

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက ပြည်ထောင်စုနယ်မြေ (နေပြည်တော်)ရှိ ဆင်သေဆည်၊ ငလိုက်ဆည်နှင့် ပေါင်းလောင်းဆည်များသည် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး လုပ်ငန်းနှင့် လူနေမှုဘဝအတွက် အရေးပါသည့်အပြင် နိုင်ငံတော်အတွက် ရေအားလျှပ်စစ် ထုတ်လုပ်ရေးနှင့်ခရီးသွား လုပ်ငန်းများအတွက် အရေးပါသော ဆည်များဖြစ်ကြောင်း၊  ဆည်များ အတွက် ရေဝေရေလဲ ဧရိယာများမှာ အထူးအရေးကြီးသဖြင့် ဆည်များ ရေရှည်တည်တံ့ နိုင်ရန်အတွက် သစ်တောသစ်ပင်များ ကာကွယ်ထိန်းသိမ်းခြင်း၊ စိုက်ပျိုးခြင်းများ အလေးထား  ဆောင်ရွက်ပေးခြင်းဖြင့် ဆည်များအတွင်း ရေဝင်ရောက်မှု တိုးမြှင့်စေပြီး နုန်းပို့ချမှု လျော့ကျစေနိုင် မည်ဖြစ်ကြောင်း၊ ဆည်ရေသောက် ဧရိယာရှိ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေ လိုအပ်ချက်များ ပံ့ပိုးပေးနိုင်သည့်အတွက် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုစေကြောင်း။

ယခု ဆင်သေဆည်မှာ ဆည် ရေသောက်ဧရိယာ ၁၁၆၅၉ ဧက ရှိပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တပ်ကုန်းမြို့နယ် နှင့် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တို့ရှိ အထက် ဆင်သေကြိုးဝိုင်း၊ လွှဘုံကြိုးဝိုင်း၊ ကိုးကွေ့ကြိုးဝိုင်းနှင့် လွှစင် ကြိုးဝိုင်းတို့ပါဝင်သည့် ရေဝေ ရေလဲဧရိယာ ၁၀၉၁၃၃ ဧက ရှိကြောင်း၊ ရေဝေရေလဲဆိုသည် မှာ မြစ်၊ ချောင်း၊ ကန်၊ ဆည် တစ်ခုအတွင်းသို့ ပေါင်းဆုံစီးဝင်သော ရေများ၏ အရင်းခံရာ မြေဧရိယာဖြစ်ပါကြောင်း၊ ချောင်း ငယ်များအတွင်း စီးဝင်သော ရေဝေရေလဲ အငယ်စားများ (Micro Watersheds) အချင်းချင်း စုပေါင်း၍ ပိုမိုကြီးမားသော ရေဝေ ရေလဲဧရိယာ ဖြစ်လာကာ ကြီးမားသော ချောင်းနှင့်မြစ်များ အတွင်းသို့ စီးဝင်ကြခြင်းဖြင့် စတုရန်းကီလိုမီတာ မြောက်မြား စွာ ကျယ်ဝန်းသော ရေဝေရေလဲ ဧရိယာကြီး ဖြစ်လာပါကြောင်း၊ မြန်မာနိုင်ငံ၏အဓိကရေဝေရေလဲ ဒေသကြီးများမှာဧရာဝတီနှင့် ချင်းတွင်းမြစ်ဝှမ်း ဒေသ၊ သံလွင်မြစ်ဝှမ်းဒေသ၊ စစ်တောင်းမြစ်ဝှမ်း ဒေသနှင့် မဲခေါင်မြစ်ဝှမ်း ဒေသတို့ဖြစ်ပြီး နိုင်ငံဧရိယာ၏ ၈၀ ရာခိုင် နှုန်းကျော်သည် ရေဝေရေလဲ ဧရိယာအတွင်း ကျရောက်လျက် ရှိကြောင်း။

မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများတွင် နှစ်စဉ်စီးဆင်းလျက်ရှိသော ရေပမာဏမှာ စုစုပေါင်း ဧကပေသန်းပေါင်း ၈၀၀ ကျော်ရှိကြောင်း၊ ရေဝေရေလဲဒေသ စီမံအုပ်ချုပ်ရာတွင် အခြေခံ ကျသည့် ချောင်းငယ်များ၏ ရေအရင်းခံ နယ်မြေဧရိယာဖြစ်သည့် ရေဝေရေလဲ အငယ်စား (Micro Watershed)များအား ထိထိရောက်ရောက် ထိန်းသိမ်း စီမံအုပ်ချုပ်ရန် အလွန်အရေးကြီး ကြောင်းမှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆင်သေဆည် ရေဝေရေလဲ ဧရိယာအတွင်း အထက်ဆင်သေ ကြိုးဝိုင်း အကွက်အမှတ်(၇၇၊ ၇၈) ရှိ ရေဝေရေလဲ ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်မည့်နေရာများနှင့် ဆင်သေဆည် ရေဝင်ရောက်မှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်

ဆင်သေချောင်း ရေဝေရေလဲ ဧရိယာ ထိန်းသိမ်းရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၆၂၀၂၇ ဘဏ္ဍာနှစ်အထိ စီမံချက် ရေးဆွဲထားရှိပြီး လုပ်ငန်း ၁၇ မျိုးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment