နေပြည်တော် နိုဝင်ဘာ ၂၆
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းသည် ယနေ့တွင် တောင်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက BOT စနစ်ဖြင့် တည်ဆောက် လျက်ရှိသော လူထုအခြေပြု ဗဟို ဌာန (တောင်ကြီး) အဆောက် အအုံ တည်ဆောက်ပြီးစီးမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ တာဝန်ရှိသူများက လူထုအခြေပြုဗဟိုဌာန
(တောင်ကြီး) အဆောက်အအုံတည် ဆောက်ပြီးစီးမှု လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက
လူထု အခြေပြုဗဟိုဌာ နများကို ၂၀၁၅ ခုနှစ်မှစ၍ ပြန်ကြားရေးဝန်ကြီး ဌာနက စတင်အကောင်အထည်
ဖော်ခဲ့ပါကြောင်း၊ ယခင်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာန လုပ်ငန်းများသည်
စာအုပ်၊ စာစောင်ငှားရမ်းပေးသည့် သာမန် စာကြည့်တိုက်လုပ်ငန်း များသာ ဆောင်ရွက်နိုင်ခဲ့ပါ
ကြောင်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre) များသည် ပြည်သူလူထု၏ အသိပညာ မြင့်မားရေး
လုပ်ငန်းများသာမက ပြည်သူများ၏ စီးပွားရေး၊ လူမှု ရေး၊ ကျန်းမာရေး စသည့်လူ့အဖွဲ့ အစည်းများနှင့်
တိုက်ရိုက် သက်ဆိုင်သည့် အရေးကိစ္စများကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားခြင်း
ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူထုအခြေပြု ဗဟိုဌာနများ၏ လှုပ်ရှား ဆောင်ရွက်မှုများသည်
သက်ဆိုင်ရာ အဖွဲ့အစည်းများ အတွက် လွန်စွာ အကျိုးရှိသည် ကို တွေ့ကြရမည်ဖြစ်ကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာန သည် လူထုအခြေပြုဗဟိုဌာနများ
ကိုပြည်သူများ အသိပညာရှာမှီးရာ နေရာ၊ ပြည်သူများသတင်းအချက် ရည်ရွယ်ဖွင့်လှစ်ထားခြင်း
ဖြစ် ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူထုအခြေပြု ဗဟိုဌာနများ၏ လှုပ်ရှား ဆောင်ရွက်မှုများသည်
သက်ဆိုင်ရာ အဖွဲ့အစည်းများ အတွက် လွန်စွာ အကျိုးရှိသည် ကို တွေ့ကြရမည်ဖြစ်ကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာန သည် လူထုအခြေပြုဗဟိုဌာနများ
ကိုပြည်သူများ အသိပညာရှာမှီးရာ နေရာ၊ ပြည်သူများသတင်းအချက် ထို့ကြောင့် လူထုအခြေပြု
ဗဟိုဌာနများတွင် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည် သည့်လှုပ်ရှားမှုများကို ဦးစားပေး
ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း။
ယခု ဘဏ္ဍာရေးနှစ်တွင် စာကြည့်တိုက်များကို
Digital Library ကူးပြောင်းနိုင်ရေး အတွက်
လိုအပ်သည့် အသုံး စရိတ်များကို ခွင့်ပြုပေးထားပြီး ဖြစ်သဖြင့် စာကြည့်တိုက် ဝန်ဆောင်မှုလုပ်
ငန်းများကို စနစ် တကျ မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ စာကြည့်တိုက် များအတွက်
စာအုပ်များ ဝယ်ယူ ရာတွင် လူငယ်များ စိတ်ဝင်စား သည့် အကြောင်းအရာများ၊ လူငယ်ဖွံ့ဖြိုးရေးကို
အထောက် အကူပြုသည့် စာအုပ် စာစောင် များကို ဦးစားပေး ဝယ်ယူထားရှိ ပေးရန် လိုကြောင်း၊
ပြန်ကြားရေး ဝန်ကြီးဌာန၏ လုပ်ငန်းများကို အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲဆောင်
ရွက်နေချိန် ဖြစ် သဖြင့် ဝန်ထမ်းများအနေဖြင့် “စိတ်ကောင်း၊ စေတနာကောင်း များဖြင့် လုပ်ငန်းများ
တိုးတက် အောင် ဆောင်ရွက်ပေးရန်လို ကြောင်းပြောကြားပြီး လူထု အခြေပြု ဗဟိုအဆောက် အအုံ
အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ရှမ်းပြည်နယ်
လူမှုရေးရာဝန်ကြီး ဦးအောင်မြင့် နှင့်အတူ ရွှေဘုန်းပွင့်စေတီတော် သို့ သွားရောက်ဖူးမြော်၍
အလှူငွေများ လှူဒါန်းကာ တောင်ကြီးမြို့၏ သာယာလှပ မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများ
ကို ကြည့်ရှုသည်။
တောင်ကြီးမြို့သည် ပင်လယ် ရေ မျက်နှာပြင်အထက်
၄၇၁၂ ပေတွင် တည်ရှိပြီး သဘာဝ ပတ်ဝန်းကျင် သာယာလှပမှု၊ လေထုသန့်ရှင်းမှုရှိပြီး တိုင်းရင်း
သားပေါင်းစုံ စုစည်းနေထိုင်သည့် သာယာလှပသော မြို့ကြီးတစ်မြို့ ဖြစ်သည်။
သတင်းစဉ်
No comments:
Post a Comment