မြိတ် အောက်တိုဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးခန်းမ၌ ကျင်းပ သည့် မြိတ်မြို့နယ်တွင် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အိမ် ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
ပေးအပ်ပွဲတွင် ဝန်ကြီးချုပ် က နိုင်ငံသားစိစစ်ရေးကတ်ဆိုတာဟာ နိုင်ငံအတွင်းနေထိုင်သူ နိုင်ငံသား အားလုံး နိုင်ငံတော်ရဲ့ တရားဝင်အခွင့်အရေးတွေရရှိအောင်၊ နိုင်ငံသားအခွင့်အရေး မဆုံးရှုံး စေ ရအောင်၊ နေ့စဉ် တိုင်းရင်းသား ပြည်သူတို့ရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပိုင်ဆိုင်မှု ရေးရာ အရပ်ရပ်တို့အတွက် နိုင်ငံတော်ရဲ့ ပံ့ပိုးမှု၊ နိုင်ငံတော်ရဲ့စောင့်ရှောက်မှုကို တရား ဝင်ခံယူ ရရှိနိုင်အောင် ဒီနိုင်ငံရဲ့ နိုင်ငံသားတစ်ယောက် အဖြစ် အသိအမှတ်ပြုထားတဲ့ နိုင်ငံသား အမှတ်အသား အထောက်အထား တစ်ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်းမှာ မည်သည့် လက်မှတ်မှ ကိုင်ဆောင် ထားခြင်းမရှိသူ တစ်သိန်းတစ်သောင်းကျော်ရှိနေကြောင်း၊ အဲဒါ ကြောင့် နိုင်ငံတော်အကြီးအကဲတွေရဲ့ လမ်းညွှန်မှုအရ ပန်းခင်းစီမံချက်ကိုရေးဆွဲပြီး တစ်နိုင်ငံ လုံးမှာရှိတဲ့ ပြည်သူတွေအားလုံးရဲ့လက်ဝယ်မှာ ကိုင်ဆောင်လက်မှတ်တွေနဲ့ အိမ်ထောင်စု လူဦးရေစာရင်းတွေ ကိုင်ဆောင်ခွင့်ရရှိစေရေးအတွက် ဓာတ်ပုံ ရိုက်ကုန်ကျငွေနဲ့ သွေးစစ်ခကုန်ကျ ငွေတွေကို နိုင်ငံတော်မှ အကုန်ကျခံ ဆောင်ရွက် ပေးနေ တာ ဖြစ်ကြောင်း အမှာစကား ပြောကြား သည်။
ထိုနောက် မြိတ်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက် ပြီးစီးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများက ပြည်သူများအား ပေးအပ်ခဲ့ကြသည်။ အခမ်းအနားတွင် အောက်တိုဘာ လ(၁)ရက်မှ(၆)ရက်အထိ ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၆၈)ကတ်နှင့် အိမ်ထောင်စု လူဦးရေ စာရင်း (၂၈၄) စောင် ပေးအပ်ခဲ့သည်။ မြိတ်မြို့နယ် အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် မေလ(၃)ရက်မှ ယနေ့ အထိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၃၂၁) ကတ်နှင့် အိမ်ထောင်စု လူဦးရေ စာရင်း(၄၇၉၀)စောင် ဆောင်ရွက်ပြီးခဲ့ပြီးဖြစ်ကြောင်း သိရ သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုလဲရတနာခန်းမတွင် ကျင်းပသည့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် Volunteer များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲသို့ တက်ရောက်၍ ဝန်ကြီး ချုပ်က ဂုဏ်ပြုအမှာ စကားပြောကြားသည်။
ယင်းနောက် မြိတ်မြို့နယ်အတွင်းရှိ ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် Volunteer များအား ဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်၍ ကမ်းရိုးတန်းဒေသတိုင်း စစ် ဌာနချုပ် တိုင်းမှူးက ထောက်ပံ့ ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများကိုယ်စား ပြည့်သူ့ဆေးရုံ ဆေးရုံ အုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းက ကျေးဇူး တင်စကား ပြန်လည် ပြော ကြားခဲ့သည်။
ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ရာတွင် ထောက်ပံ့ငွေအဖြစ် တပ်မတော်ဆေး ဝန်ထမ်း များအား ကျပ်သိန်း(၇၀)၊ ကျန်းမာရေးဝန်ထမ်းများအား ကျပ်သိန်း(၇၀)၊ ပရဟတိအဖွဲ့များအား (၈၅)သိန်း၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့အား (၁၅) သိန်းနှင့် ထောက်ပံ့ပစ္စည်းများအဖြစ် ကျပ် သိန်း(၆၀)တန်ဖိုးရှိ အမျိုးသားဝတ်အင်္ကျီ၊ အမျိုးသမီးဝတ်အင်္ကျီနှင့်လုံချည် (၂၀၆)ထည်၊ ဘီစကွတ်မုန့် (၁၁၀၀)ဗူး၊ ကြက်ဥဘဲဥ(၃၀၀၀)လုံး၊ ငှက်ပျောခိုင်(၃၀)ခိုင်၊ စတီးချိုင့်(၁၁၂)လုံး တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)
No comments:
Post a Comment