မိုင်းရယ် စက်တင်ဘာ
၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ခိုဆိုင်းကျေးရွာအုပ်စု၊ ရှန်တော် ကျေးရွာရှိ သံတောင်ဉီးကုမ္ပဏီပိုင် ရှန်တော်သကြားစက်ရုံ အတွင်းတွင် စက်ရုံပိုင် အောက်ဆီဂျင် Plant စက်သည် ယမန်နေ့ ညနေပိုင်းကစတင်ပြီး လည်ပတ်လျက် ရှိသည်။
ရှန်တော်သကြားစက်ရုံအတွင်းတွင် အောက်စီဂျင် Plant စက်သည် တစ်နာရီလျှင် အောက်ဆီဂျင် ၄၀ လီတာအိုး (၁၀)လုံး ထည့်သွင်းနိုင်မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အောက်ဆီဂျင်လိုအပ်သည့် ကျန်းမာရေးဌာန၊ ပရဟိတအသင်းအဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့များအား အခမဲ့ထည့်သွင်း ပေးသွားမည် ဖြစ်ပြီး အခြားပုဂ္ဂလိက လိုအပ်သူများကိုလည်း သက်သာသည့်နှုန်းထားဖြင့် အောက်စီဂျင် ထည့်သွင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအောက်ဆီဂျင် Plant စက်စတင်လည်ပတ်နေမှုအား မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ပြီး မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် လူနာများအတွက် အားထားစရာဖြစ်လာမည်ဖြစ်၍ မြို့နယ်အနေဖြင့် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားခဲ့သည်။
မိုင်းရယ်မြို့နယ် အနေဖြင့် စက်တင်ဘာ ၁၄ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၉၇)ဦး၊ ဆေးရုံမှဆင်းခွင့်ရရှိသူ (၁၇၆)ဦး၊ သေဆုံးလူနာ(၃)ဦးနှင့် ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသူ (၁၈)ဦးရှိကြောင်း သိရသည်။
မိုင်းရယ် (ပြန်/ဆက်)


No comments:
Post a Comment