သံတွဲ စက်တင်ဘာ ၉
သံတွဲခရိုင် ကုတင်၁၀၀ဆေးရုံအတွင်းရှိ အောက်ဆီဂျင် (Plant)စက်ရုံ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီက အဆိုပါ အဆောက်အအုံရှေ့တွင် ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ အောက်ဆီဂျင် (Plant)စက်ရုံအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်နှင့် ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့် က အောဆီဂျင် (Plant)စက်ရုံ တည်ဆောက်မှုနှင့် အောက်ဆီဂျင်များဖြန့်ဝေသုံးစွဲမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့်တာဝန်ရှိသူများသည် အောကဆီ ဂျင်စက်ရုံနှင့် ဆေးရုံးအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည် များကို လမ်းညွှန် မှာကြားကာပေါင်းစပ်ညှိနှုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင် (Plant)စက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ပေးအပ် လှူဒါန်းခြင်းဖြစ်ပြီး ၂၄နာရီ တွင် အောက်ဆီဂျင် ၄၀လီတာအိုး ၄၈ လုံး ထုတ်လုပ်နိုင်ပြီး အောက်ဆီဂျင်လိုအပ်သော ကိုဗစ် ၁၉ လူနာများအား အောက်ဆီဂျင် လုံလောက်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သံတွဲခရိုင် အတွင်းရှိ ဆေးရုံးများအားလည်း အောင်ဆီဂျင်လိုအပ်ပါက အချိန်မီ ဆောင်ရွက်ပေးရန်စီစဉ်ထားရှိပါကြောင်း၊ စက်ရုံဆောက်လုပ်မှုများအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခြင်း ဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၏ ပြောကြားချက်အရ သိရှိရသည်။
No comments:
Post a Comment