ကိုကိုးကျွန်း စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမူများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
ထိုသို့ မြို့နယ်အတွင်းရေကြီးခြင်းဖြစ်ပေါ်နေမှုအခြေနေနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမင်းနှင့်အဖွဲ့ဝင်များ လာရောက် ကြည့်ရူ့၍ ရေအမြန်ဆုံးဆင်းနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့်ရပ်ကွက်နေပြည်သူများက ရေစီးရေလာ ကောင်းစေရန် အမှိုက်များ ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများအတွင်း ပိတ်ဆို့နေသောသစ်တုံး နှင့်အုန်းတုံးများအား ရေနုတ်မြောင်း တလျှောက်ရှင်းလင်း ဖယ်ရှားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment